Give and Take Ep15

8.6K 311 17
                                    

  ခိုက်နဲ့ရောင်လဲသတင်းမေးပြီးတာနဲ့အိမ်ကိုဘဲပြန်လာလိုက်တော့တယ်။

"Babyကိုယ်မနက်စာပြင်လိုက်တော့မယ်နော်"

"အင်းအဝတ်စားလဲလိုက်အုံးမယ်"

"ဟုတ်ပြီဗျကိုယ်စောင့်နေမယ်"

"အင်း"

ရောင်အဝတ်စားလဲရန်အပေါ်တက်သို့တက်လာခဲ့ပြီးအခန်းဝရောက်မှစာကြည့်ခန်းကိုသတိရကာဘိုးတော်မအားတုန်းတိတ်တိတ်လေးခိုးဝင်ရန်ပြင်လိုက်တယ်။

တံခါးကိုဖွဖွလေးဖွင့်ကာဟိုကြည့်ဒီကြည့်အရင်လုပ်လိုက်ပြီးမှအထဲသို့ဝင်လာလိုက်တယ်။

နေရာတကျစီရီနေသောစာအုပ်စင်ကြီးတေနဲ့တန်ဖိုးကြီးပန်ချီကားတစ်ချို့နောက်ဆုံးအကြည့်တို့ရောက်သွားတာကစာကြည့်စားပွဲဆီသို့

စားပွဲနားလျှောက်လာပြီးအနည်းငယ်စူးစမ်းကြည့်လိုက်တော့ဓာတ်ပုံလေးတစ်ပုံကဘောင်လေးအတွင်းမှာနေရာအပြည့်ယူထား
လေရဲ့

သိလိုစိတ်နဲ့ယူပြီးကြည့်လိုက်တော့

Wtf!!!

ဦးခိုက်!!!ဦးခိုက်!!!

သူ့အားအသံအကျယ်ကြီးဖြင့်ခေါ်ပြီးအပေါ်ထပ်မှာဒုန်းစိုင်းဆင်းလာသောခလေးငယ်ကြောင့်

"Babyဖြေးဖြေးဆင်းပါချော်လဲကုန်မှဖြင့်ကိုယ်ဒီမှာဘာဖြစ်လာတာလဲ"

သူ့ကိုမြင်တော့

"ဦးခိုက်ဒီ..ဒီထဲကပုံကဘယ်သူလဲ..ကျွန်..ကျွန်တော်မဟုတ်ဘူးမလား"

ခလေးငယ်လက်ထဲမှဓာတ်ပုံကြောင့်ခြေထောက်တေတောင်မခိုင်ချင်တော့

"Bae. ..baby. .ကိုယ်ရှင်းပြမယ်နော်..ကိုယ်ရှင်းပြတာအရင်နားထောင်ပါနော်"

"အင်းပြောမြန်မြန်ပြောသိချင်လွန်းလို့"

"အဲ့တာကလေ..လွန်ခဲ့တဲ့၁၀နှစ်ကိုယ့်ရဲ့ချစ်သူမိန်းခလေးပါ.."

ဘာ!!!..ဘယ်လို!!

"ကိုယ်တောင်းပန်ပါတယ် baby. .ကိုယ်တကယ်မရည်ရွယ်ခဲ့ပါဘူး..
အစကbabyကိုသူနဲ့တူလို့အံ့ဩခဲ့ပေမဲ့ကိုယ်ချစ်တာတော့သူ့နေရာအစားထိုးဖို့မဟုတ်ရပါဘူး...ကိုယ်..ကိုယ်လေ~~~"

    Give and Take🔞🔞🔞CompleteWhere stories live. Discover now