Part13

938 83 3
                                    

Unicode
"အီးဟီး မပြန်ဘူးလို့...."

မျက်ရည်မထွက်ဘဲ ဧည့်ခန်းရဲ့ကြမ်းပြင်မှာ ခြေဆင်းပြီးကိုငိုနေတာ

"ရှောင်ကျန့် ခများမရှက်ဘူးလား လူကြားမကောင်း..."

"မရှက်ဘူး မပြန်ဘူး ..အီးဟီးးး"

"အေးလေ ကိုလေးကလဲ ထားခဲ့ပါဆို ကျန့်ကောကိုသားထိန်းနိုင်ပါတယ်..."

မင်းနဲ့ကို စိတ်မချတာ မျောက်လောင်းအချင်းချင်း.....
ကိုကြီးလဲပြန်ပြီ ၅ရက်တောင်လဲနေပြီးပြီ အဲ့တာကို ပြောမရဘူး...

"ရှောင်ကျန့် ငါဖုန်းပြန်သိမ်းမှာနော်..."

"မသိဘူး ငါမပြန်ဘူး...."

"ကလေးလဲမဟုတ်ဘူး ပြောရင်နားလည်စမ်းပါ...
ဒီမှာဆက်နေရင် ငါအလုပ်လုပ်ရတာ အဆင်မပြေဘူးလေ"

"မင်းဘာသာပြန်ပေါ့...."

"အေး ပြီးမှငါ့ဆီက ပိုက်ဆံလာမတောင်းနဲ့ ...
ငါဝယ်ပေးထားသမျှလဲ ပြန်ပေး...."

ဘေးက ဝန်ထမ်းတွေက ပြုံးစိစိနဲ့ မတက်နိုင်ဘူး သူနဲ့က ကလေးပြောပြောမှရမှာ....

"မင်း.... မင်းနော် ပိုက်ဆံရှိတိုင်းအနိုင်ကျင့်တယ်...
အဟင့် မားနဲ့တိုင်မယ်..."

"မားလဲမအားဘူး ခရီးသွားရမှာ.."

သူကို ထိန်းရတည်းက အလိမ်အညာတွေလဲ မျိုးစုံကို သုံးနေရတယ်

"မားကလေ..."
"ဟုတ်တယ် အရှက်မရှိငိုမနေနဲ့ ... ထ"

"စောစောတည်းက အဲ့လိုပြောပါလား...
ရှုပ်နေတာပဲ ... ဟွန့်.....
နေဦးမားကိုသွားနှုတ်ဆက်လိုက်ဦးမယ်..."

အမယ် ဖုတ်ဖက်ခါထသွားလိုက်တာများ..ခုနသူမဟုတ်သလိုပဲ...

..............

ကားပေါ်ရောက်တည်းက သူ့ကျောပိုးအိပ်ပေါက်စနလေးကို ဖက်ရင်း မျက်နှာကမကောင်း... ကြာတော့ ဘေးကလူပါအနေခက်လာသည်။

"ငူငူငိုင်ငိုင် မနေစမ်းပါနဲ့ကွာ..."

"ဟင်းးးးးးး ငါကလူပိုကြီးလိုပဲ....."

"ဟုတ်နေတာပဲ...."

"အင်း...."

ဘာစကားသံမှ ထက်မထွက်လာလို့လှမ်းကြည့်တော့ မျက်ရည်တွေခိုးသုတ်နေသည်။

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now