Part 28

741 79 8
                                    

Unicode

ရှောင်ကျန့်လဲသိသွားပြီဆိုတော့ ရီပေါ်လဲ ကိုယ့်အခန်းကိုယ်ပြန်ရွေ့ခဲ့ရသည်။
မဟုတ်လည်း ရှောင်ကျန့်နေဖို့လိုက်ပြင်ဆင်ပေးနေရတာနဲ့ အိမ်တော်တခုလုံးရွှေ့လာရဖို့ရှိတယ်လေ။

ခုတောင် ညစောင့်အိပ်ပေးမယ်ပြောပြီး အတင်းလာကပ်နေလို့ ချော့ပြီးတားထားရတယ်။ စေတနာနဲ့တော့ ပြုစုတာပဲ ဒဏ်ရာပဲ ထိထိမိနေတာကိုး။

"လာပါကျန့်ကောရယ် သွားအိပ်ရအောင် ဒီညကိုကြီးစောင့်ပါလိမ့်မယ်ဆို..."

"ဟင့်အင်း ငါလဲစောင့်ပေးချင်တာကို..."

"ကျတော်တို့က ရှိနေလဲ ပြုမှမပြုစုတတ်တာ...
တော်ကြာ ချော်ချက်ထိလို့ ပိုဆိုးနေဦးမယ်..."

"မတော်တဆပါဆိုနေ ငါထပ်မလုပ်တော့ပါဘူး...
နော် သခင်ကြီး အားကျန့်စောင့်ပေးမယ်..."

"အိပ်ရေးဝအောင် အိပ်စမ်းပါ
ခများပဲ ဥာဏ်ကောင်းချင်တယ်ဆို..."

"နောင်မှကောင်းမယ်လေ ခုကသခင်ကြီးက အရေးကြီးတာကို...."

"ကျတော်က ဘာမှမဖြစ်တော့ဘူး မနက်နိုးတာနဲ့လာခဲ့ ဟုတ်ပြီလား..."

အတော့်ကို ချော့မော့ပြီးမှ ရှောင်ကျန့်က ပြန်သွားသည်။

ဒီလိုကျတော့လည်း ဝမ်ရီပေါ် ကျေနပ်မိတယ်။ သူဒီလောက် ဆူပူနေတာတောင် ရှောင်ကျန့်က သူ့အပေါ် သံယောဇဉ်ရှိရှာသားပဲ။ အရင်မြေခွေးကြီးရှောင်ကျန့်ကသာ လူစိတ်မရှိတာ သူ့ဖန်တီးထားတဲ့ ရှောင်ကျန့်ကတော့ နည်းနည်းလေးဆိုးပေမယ့် လူစိတ် ရှိသည်။ 

...............

မနက်ရောက်တာနဲ့ လာခဲ့မယ်ဆိုပြီး ရှောင်ကျန့်က ခုထိပေါ်မလာသေးဘူး။ သူ့ကိုပြုစုနေရတာနဲ့ ပင်ပမ်းပြီး အိပ်ပျော်နေတယ်ထင်ပါရဲ့။

ခဏပြန်မှိန်းနေတုန်းရှိသေး စစ်ကျွေးရောက်လာသည်။

"ကိုလေး ကိုလေး ကျန့်ကောကို တားပါဦး ကျတော်သည်းခံနိုင်စွမ်းတွေ ကုန်လာပြီ..."

"ဟမ် ဘာဖြစ်လို့လဲ..."

"မနက်မိုးမလင်းခင်တည်းက ကိုလေးဖို့မနက်စာချက်တာတဲ့ ....မကောင်းလိုက်သွန်လိုက်နဲ့  ရှိသမျှအသားလဲ ကုန်တော့မယ် ...
ကျတော်လဲ မြည်းရလွန်းလို့ လျှာတွေလဲထုံနေပြီ...
ကြာရင် မူးလဲတော့မယ်..."

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးTempat cerita menjadi hidup. Temukan sekarang