{Unicode}စီးပွားရေး မိတ်ဆုံစားပွဲပါတီတစ်ခုတွင် လီလော့သည် တစ်ချိန်တုန်းဆီက အဆက်ဟောင်းဖြစ်သူ သွမ့်မိန်ယန်နှင့် မမျှော်လင့်ဘဲ ပြန်လည်ဆုံတွေ့သည်။
လွန်ခဲ့သော ငါးနှစ်
သွမ့်မိန်ယန်သည် သူ့ခံစားချက်တွေကို လှည့်စားခဲ့သည်။ သူ့ဖခင်ကို ထောင်ကျစေခဲ့ခြင်းနှင့်အတူ သူတို့မိသားစု၏ စီးပွားရေးတစ်ခုလုံးသည်လည်း အခြေပျက်သွားသည့် အခြေအနေတစ်ခုအထိ ကျရောက်သွားခဲ့ရသည်။ ငါးနှစ်တာမျှကုန်ဆုံးသွားခဲ့ပြီးချိန်တွင်တောင် သွမ့်မိန်ယန်သည် သူ့အပေါ်တွင် ညှာတာမှုကင်းမဲ့စွာ ဆက်ဆံနေဆဲပင်။ တွေ့တွေ့ခြင်းမှာပင် လီလော့၏ အသက်မွေးဝမ်းကြောင်းကို ဖျက်ချပစ်ချင်သည့်အလား အနုပညာလောကထဲမှ ထွက်သွားဖို့ရန် အတင်းအကျပ် ဖိအားပေးခိုင်းစေပြန်သည်။ လီလော့သည် အလိုက်အထိုက်လေး အဆင်ပြေသလိုနေပေးရင်း သွမ့်မိန်ယန်ကို စတင်ကာ ချဥ်းကပ်၏၊ အတိတ်တုန်းဆီက ရန်ကြွေးတွေကို ခဏမေ့ဖျောက်ပြီး ဘုံရန်သူကို အတူတကွတိုက်ထုတ်ကြဖို့ရန် အကြံပြုသည်။ သွမ့်မိန်ယန်မှ ထိုအကြံကို သဘောတူလိုက်သည့်အခါ သူတို့နှစ်ဦးမှာ မိတ်ဖက်တွေဖြစ်၍သွားကြသည်။
ဖခင်အတွက် အမှန်တရားကို ပြန်လည်ဖွေရှာနေရင်းနှင့် သိလာရသည်မှာ သွမ့်မိန်ယန်သည် သူထင်ထားခဲ့သလောက် နှလုံးသားမဲ့သူမဟုတ်ကြောင်းကိုဖြစ်သည်။ ထိုမျှပင်မကသေး၊ သွမ့်မိန်ယန်သည် သူ့အပေါ်တွင် နက်ရှိုင်းသည့် ခံစားချက်ပါရှိနေကြောင်းကို သိလိုက်ရ၏။ လီလော့၏ နှလုံးသားသည်ကား မထိန်းချုပ်နိုင်စွာပင် တုန်လှုပ်လာရပြန်သည်၊ တဖြည်းဖြည်းနှင့် နှလုံးသား ညွှန်းကိန်းတွေသည် သွမ့်မိန်ယန်ရှိရာဘက်ဆီ အလေးသာလို့လာ၏။
အဆုံးတွင် လီလော့သည် အချစ်မီးပွားလေးကို နောက်ထပ်တစ်ဖန် ထွန်းညှိမိတော့သည်။ အတိတ်က အကြောင်းအရာတွေကို သင်ပုန်းချေကာ သွမ့်မိန်ယန်နှင့် ပြန်လည်ပေါင်းစပ်ဖို့ရန် ဆုံးဖြတ်လိုက်၏။ ထိုစဥ်မှာပင် တစ်ချိန်တုန်းဆီက နက်ရှိုင်းစွာ ဖုံးကွယ်ခံထားရသည့် အမှန်တရားတို့သည် ပေါ်ထွက်၍လာတော့သည်။

YOU ARE READING
နံနက်မိုးသောက် အလင်းရောက်သောအခါဝယ် {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle: AD Author: လစ်တဲလ်အိုင်း(စ်)ကျု Status: Completed with 87 + 14 Extra သွမ့်မင်ယန် × လီလော့ သွမ့်အိမ်တော်၏ သခင်လေး(Gong) × ချောမောလှပသည့် နာမည်ကြီးသရုပ်ဆောင်(Shou) ------------ သွမ့်မိန်ယန် × လီလော့ သွမ့်အိမ်တော်၏ သခင်လေး(Gong) × ချောမောလှပသ...