{Unicide}
အခန်း(၈၃)
တစ်လကြာသော်။
မြို့တော်အကျဥ်းထောင်ကြီး၏ အဝင်ဂိတ်။
နံရံကြီးအပြင်ဘက်တည့်တည့်ရှိ ကွန်ကရစ်လမ်းမပေါ်တွင် တစ်ခါတစ်ရံ ဖြတ်သွားလေ့ရှိသည့် လူအနည်းငယ်နှင့် ပေါင်းမြက်တွေအကြား လေတိုးဝှေ့သံလောက်သာ ရှိနေသင့်သည်။ သို့သော်လည်း ယခုအခါတွင် သတင်းထောက်များ၊ ပရိသတ်များစသည်ဖြင့် ဆူညံလို့နေပြီး အထွက်ပေါက်ကို ပိတ်ဆို့လို့ထားသည်။
" တစ်ခါက ငွေကြေးအကြွယ်ဝဆုံး မြို့မျက်နှာဖုံးဖြစ်ခဲ့ဖူးတဲ့ သူဌေးကြီးလီကျန့်ဟုန်းဟာ ဒီနေ့ဆိုရင်တော့ဖြင့် ထောင်မှ လွတ်လာတော့မှာ ဖြစ်ပါတယ် "
သတင်းထောက်တစ်ဦးသည် မိုက်ခရိုဖုန်းကိုင်လျက် ကင်မရာကို ကြည့်ကာ ဆိုနေသည်။
" ခိုင်မာတဲ့ သတင်းများအရ Mr.လီဟာ သူ့အပေါ် စွဲဆိုထားတဲ့ ပြစ်မှုတွေအတွက် အယူခံဝင်ရောက်ခဲ့ပြီး သက်သေခိုင်လုံမှု မရှိတာကြောင့် အချိန်ခဏလေးတွင်းမှာ ခုလို ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်၊ အခုဆိုရင် တရားရေးလုပ်ငန်းစဥ်တွေအကုန်လုံး ပြီးဆုံးသွားပြီလို့ သိရပါတယ်၊ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကတော့ အခုထိ မေးခွန်းထုတ်နေရဆဲဖြစ်ပါတယ်၊ ဒါကြောင့်မို့ အခုပဲ မြို့တော်ရဲ့ အကျဥ်းထောင်ကြီးရှေ့မှာ ရောက်နေတဲ့ ပရိတ်သတ်တစ်ယောက်ကို လက်ရှိဖြစ်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ သတင်းဋ္ဌာနကနေ မေးခွန်းလေးတွေ မေးသွားမှာပဲဖြစ်ပါတယ် "
သတင်းထောက်သည် ဘန်နာကိုင်ဆောင်ထားသည့် အမျိုးသမီးတစ်ဦးဆီ လျှောက်သွားလိုက်ပြီး မိုက်ခရိုဖုန်းထိုးပေးကာ မေးလိုက်သည်။
" ဟဲလို၊ Mr.လီကျန့်ဟုန်းကို သိပါသလားရှင့် "
စိတ်လှုပ်ရှားစွာဖြင့် လက်တွေကို ဝှေ့ယမ်းနေသည့်ဖန်က အနှီမေးခွန်းကို ကြားလိုက်ရသည့်အခါတွယ် အရယ်တစ်ဝက်ဖြင့်
" ကျဲကျဲရေ၊ သိသိကြီးနဲ့ တမင်မေးလိုက်တာလား၊ ခု ဒီမှာ ရောက်နေကြတဲ့ လူတွေအကုန်လုံး Mr.လီဆိုတာ လော့ကောရဲ့ အဖေမှန်း ဘယ်သူက မသိဘဲနေပါ့မလဲ "

ANDA SEDANG MEMBACA
နံနက်မိုးသောက် အလင်းရောက်သောအခါဝယ် {မိခင်ဘာသာသို့ ပြန်ဆို}
RomantikaTitle: AD Author: လစ်တဲလ်အိုင်း(စ်)ကျု Status: Completed with 87 + 14 Extra သွမ့်မင်ယန် × လီလော့ သွမ့်အိမ်တော်၏ သခင်လေး(Gong) × ချောမောလှပသည့် နာမည်ကြီးသရုပ်ဆောင်(Shou) ------------ သွမ့်မိန်ယန် × လီလော့ သွမ့်အိမ်တော်၏ သခင်လေး(Gong) × ချောမောလှပသ...