(၇၀)

8.1K 909 27
                                    

{Unicode}

အခန်း(၇၀)

သူ အသိပြန်ဝင်လာသည့်အချိန်တွင် ညနေပင် စောင်းနေလေပြီ။

ကောင်းကင်ပေါ်တွင်ကား နေဝင်ဖြိုးဖျအလင်းရောင်သည် ထူးထူးခြားခြား လှပ၍နေသည်။ တိမ်လွှာများအကြား ထိုးဖောက်ဝင်ရောက်နေသည့် နေရောင်ခြည်သည် မှန်ပြတင်းပေါက်များမှတဆင့် ဖြတ်သန်းဝင်ရောက်လာသည်တွင် သစ်သားကြမ်းခင်းတစ်လျှောက် ပန်းရောင်နှင့် ခရမ်းရောင် ရောစပ်ထားသည့် အရောင်အသွေးကိုဖြစ်ပေါ်စေပြီး တွေ့မြင်ရသူအဖို့ အိပ်မက်ဆန်ဆန် ခံစားချက်ကို ပေးစွမ်းနေ၏။

သို့သော်လည်း မျက်လုံးနှစ်လုံး ဖွင့်လိုက်ချိန်တွင် အိပ်မက်မက်နေခြင်း မဟုတ်ကြောင်း လီလော့ အသေအချာ သိလိုက်ရသည်။

လီလော့အား သွမ့်ရှင်းယဲ့နှင့် သွမ့်ထင်းယော့က ဘယ်ညာယှဥ်ထိုင်လျှက်ဖြင့် စိုက်ကြည့်နေကြပြီး သူ့ မန်နေဂျာ၊ ယခုကတော့ မိမိဘက်မှ တစ်ဖက်သတ် အလုပ်ထုတ်ပစ်လိုက်ပြီဖြစ်၍ သူ့မန်နေဂျာမဟုတ်တော့သည့် ကျင်းရန်ကမူ ထိုသားအဖနှစ်ယောက်၏ အနောက်ဘက်တွင် မတ်မတ်ရပ်နေသည်။

သူ့ လက်မောင်းတွေကို လှုပ်ရှားကြည့်လိုက်သည့်အခါ မျှော်လင့်ထားသည့်အတိုင်း ထိုင်ခုံနောက်ကျောတွင် ချည်နှောင်ခံထားရသည်။ ဤအနေအထားတွင် သူ့အနေဖြင့် မည်သူ့ကိုမျှ ထပြီး မရိုက်နှက်နိုင်ပေ။

လီလော့သည် မျက်လုံးတွေကို ပြန်ပိတ်ထားလိုက်၏။

သွမ့်ရှင်းယဲ့က

" Mr.လီ၊ နိုးလာပြီးမှတော့ အိပ်ချင်ယောင် ဆောင်မနေပါနဲ့တော့လား "

လီလော့သည် ရေနွေးပူကို မကြောက်သည့် ဝက်သေကောင်နှယ် အေးအေးဆေးဆေး အမူအရာရှိနေသည်။

" ခင်ဗျားတို့ မိသားစုဝင်တွေ ပျော်ပျော်ရွှင်ရွှင် ပြန်လည်ပေါင်းစည်းကြတဲ့ အချိန်လေးမှာ ကျွန်တော်က ဘယ်နှောက်ယှက်လို့ဖြစ်ပါ့မလဲ၊ ပြီးမှ ပြန်လာမယ်လေ "

လီလော့၏ မလှိမ့်တပတ်လုပ်တတ်သည့် အမူအကျင့်အား သွမ့်ရှင်းယဲ့က ကျင့်သားရနေပြီဖြစ်သည့်တိုင် ဘေးတွင်ရှိနေသည့် သွမ့်ထင်းယော့ကမူ သည်းခံနိုင်တော့ဟန်မတူ။

နံနက်မိုးသောက် အလင်းရောက်သောအခါဝယ် {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now