မှိုင်း part ( 2 )

33 2 0
                                    

Zawgyi

ကျွန်တော့်ရဲ့နာမည်က အရင်တုန်းကတော့ 'လင်းလက်
ကြယ်' ပါ။ နောက်တော့ မေ့ က အားအားနေမှိုင်နေတာကများနေလို့ ဆိုပြီးတော့ "မှိုင်းညို့ကြယ်" လို့ပဲခေါ်တော့တယ်။ ကျွန်တော်လည်း 'ညို့' ဆိုတာလေးကိုပိုသဘောကျတယ်ပေါ့ ဟီး။

"တီ တီ တီ"

ဟော.. အိမ်ရှေ့မှာကျွန်တော်ရဲ့အချစ်လေး လာခေါ်ပြီ။
မနက်စာကို ပါးစပ်ထဲအမြန်သွပ်သွင်းပြီး ပန်းကန်မြန်မြန်
ဆေးပြီး အိမ်ရှေ့ထွက်လာရတယ်။ မဟုတ်ရင် ကြာလို့
ကျွန်တော်အချစ်လေး စိတ်ဆိုးတော့မှာလေ။

"ကောင်းကောင်းလေး စောင့်ရတာကြာနေပြီလား ဟီး"

"မကြာသေးဘူး မြန်မြန်လုပ်၊ ငါသွားစရာရှိသေးတယ်"

ကျွန်တော့်အချစ်လေး စိတ်မဆိုးအောင် အဝတ်အစားမြန်
မြန်လဲရတယ်။ ကျွန်တော့်အချစ်ဆိုတဲ့အတိုင်းပဲ သူကို
ခြောက်တန်းနှစ်လောက်တည်းက စကြိုက်လာတာ ဟီး။
သူကတော့ဘယ်သိမလဲ၊ သိရင်တော့ ဒီအချိန် မှိုင်းညို့
ကြယ်တို့ ဘဝကူးနေရလောက်ပြီ။

"ဟဲဟဲ အချစ်လေး ပြီးပြီလေ သွားကြရအောင်"

"ဘောကိုအချစ်လေး မှိုင်းညို့ကြယ်ရာ မင်းလည်းအ
မှတ်မရှိဘူးဘဲ မခေါ်ပဲနဲ့ မကြိုက်ဘူးလို့ ပြောထားတာကိုကွာ မင်းကအားနေခေါ်နေလိုက်"

ကျွန်တော်ရဲ့ကောင်းကောင်းလေးက စိတ်ဆိုးနေပေမဲ့
ကျွန်တော်ကတော့ ဒီလူသားကိုအချစ်ပိုရပြန်ပါတယ်။
ကျုံးနဲ့ကန်တော်ကြီးနား ဆိုင်ကယ်ပတ်စီးပြီး လေတဖြူး
ဖြူးနဲ့ ကောင်းကောင်းနောက်ကနေ ခါးလေးဖက်ပြီးနေရတာ...အင်း...နေလို့ကောင်းလိုက်တာ။

အဲ့လိုနဲ့ပဲ နွေရာသီကျောင်းပိတ်ရက်ကို အလေလိုက်ရင်း
ကုန်ဆုံးသွားပြန်တယ်။ ပျင်းပျင်းနဲ့ အိပ်ရေးမဝဖြစ်ရတဲ့
ကျောင်းဖွင့်ရက်တွေဆီ ပြန်ရောက်လာရပြန်တာပဲ။

"သားရေ အောက်မှာ သားကောင်း ရောက်နေပြီနော်
မြန်မြန်လုပ်"

"ဟုတ်ကဲ့ အမေ ပြီးပြီဗျ ကျောင်းသားကတ်ဒ်ပျောက်လို့
လိုက်ရှာနေရတာဗျ လာပြီ ကောင်းလေးရေ"

မှိုင်းWhere stories live. Discover now