Part ( 4 )

12 1 0
                                    

Zawgyi

ညို့ သတိထားမိပါတယ်၊ ကောင်းနဲ့နှင်းယုတို့ ချစ်သူတွေ
ဖြစ်သွားကြပြီဆိုတာကို။ ဒါပေမဲ့ ညို့ မှ မတတ်နိုင်တာ
ကံကြမ္မာကမျက်နှာသာ မပေးတော့လည်း ခံရမှာပဲ။
သီတင်းကျွတ်ပိတ်ရက်မှာတော့ မောင်နဲ့တူတူရှိနေချင်တာ
ညို့ ဆုတောင်းတွေက ကြာကြာမပြည့်ပါဘူး။ မောင်က
သူ့ကောင်မလေးကို တောင်ငူမြို့အကြောင်းနဲ့ သမိုင်း
ကြောင်းတွေကိုသိစေချင်သည်တဲ့။

ဒီနေ့အဖိတ်နေ့နေကိုတော့ ဘုရားတွေနဲ့မြို့ထဲလောက်ပဲ
သွားကြမည်ဟု တိုင်ပင်ထားသည်။ လပြည့်​နေ့​တော့
အိမ်က မိသားစုနဲ့ ဘုန်းကြီးကျောင်းသွား ကြရန်ပြောထား
ကြသည်။ လပြည့်ကျော်တစ်ရက်နေ့ကိုတော့ သံတောင်
ကြီးဘက်သွားဖို့ စီစဉ်ထားကြသည်။ ညို့ ရေချိုးအဝတ်
အစားလဲပြီး ကောင်းတို့ကိုစောင့်နေလိုက်သည်။

"တီ..တီ..တီ"

*ကောင်းတို့ရောက်လာကြပြီထင်တယ်*ညို့ ဝမ်းသာအားရနဲ့ အိမ်အောက်ပြေးဆင်းလိုက်သည်။

ညို့ မြင်လိုက်ရတဲ့ မြင်ကွင်းက ရင်ကိုမီးမှိုက်နေသလိုပဲ။
*ပူလောင်လိုက်တာ...မှိုင်းညို့ကြယ်ရေ..* ညို့ ကိုယ့်ဘာသာကိုယ်တွေးမိပြီး ရယ်လိုက်သည်။ ထို့နောက် ကောင်းကပြောသည်။

"မင်း ခွန်းစစ်နဲ့ပဲလိုက်သွားလိုက်တော့"

"ဘာလို့လဲ"

"ငါ နှင်းယုနဲ့သွားမှာလေ"

"ကို သူကို့အမြဲလာကြိုနေကြလား" နှင်းယုကမေးလိုက်ခြင်းဖြစ်သည်။

"အင်း..ဒါပေမဲ့ နောက်ဆိုနှင်းကိုပဲ လာကြိုတော့မှာပါ"
ကောင်းကပြန်ဖြေလိုက်သည်။

*ကောင်းရယ်..မင်းရက်စက်လိုက်တာ* မောင်မသတ်လဲ
ဒီလူကသေတာမလို့ အကြိမ်ကြိမ်မသတ်ပါနဲ့ မောင်။ညို့
ပြုံးပြရင်းပဲ ခွန်းစစ်တို့နား သွားလိုက်သည်။

"မင်းအဆင်ပြေရဲ့လား" ခွန်းစစ်နဲ့ဟန်ဝင်းက တကယ်
စိတ်ပူ၍ မေးခြင်းဖြစ်သည်။

*မပြေလည်းပြေအောင်နေရမှာပေါ့* ညို့စိတ်ထဲကသာ တွေးလိုက်သည်။

"အင်း..ပြေပါတယ် သွားရအောင် ငါမနက်စာမစားရသေးဘူး"

ညို့တို့ ရှင်းရှင်းသန့်သန့်မှာ မနက်စာသွားစားဖြစ်ကြသည်။
ကျုံးဘေးနားကဆိုင်ဆိုပေမဲ့ အစားအစာတွေကတကယ်
အရသာရှိလှသည်။ ကောင်းက ရှမ်းခေါက်ဆွဲစပ်စပ်လေးဟု မှာသေးသောအခါ ညို့ကြိတ်ပျော်ခဲ့ရသေးသည်။
သို့သော် ကိုယ်အတွက်မှမဟုတ် သူ့ကောင်မလေးအတွက်
ဆိုတော့ ညို့ မျက်နှာပျက်ခဲ့ရပြန်သည်။

မှိုင်းWhere stories live. Discover now