Ep..2

6.4K 357 10
                                    


နေသာပြီးနွေးထွေးတဲ့ တနဂ်နွေ နေ့ တစ်နေ့ရဲ့
အိမ်လေးတစ်အိမ်မှာ ....ပေါ့။

အသားဖြူဖြူဥဥနှင့် ကြည်တောက်နေသည့် မျက်လုံးဝိုင်းလေးတွေ ၊
ရဲစိုနေသည့် နှုတ်ခမ်းလေး နှင့် ထိုနှုတ်ခမ်းလေးအောက်က မှည့်နက်လေး၊
ယုန်သွားလေးလို သွားမျိုး ပိုင်ဆိုင်ထား သည့် ရှောင်ရှောင်းကျန့် ဆိုသည့်
သိပ်ကို ချစ်စရာကောင်းသည့်
ကလေးတစ်ယောက် နေထိုင်ပါသတဲ့ ။
သူ့ ရဲ့ ကဲကဲသဲသဲ ကျဲကျဲ တွေ နဲ့ ပေါ့..။

ကလေး တစ်ယောက်
ဟုတ်ပ ဒါ သူ့ ကျဲကျဲ တွေ အမြင်လေ ။
၁၆ နှစ် မှ မပြည့်သေးတာ။
အသက် ၁၅ နှစ် ဝင်ခါစ အရွယ်
ရှောင်းကျန့် ဟာ သူတို့ ကျဲကျဲ တွေ အတွက် တော့
ကလေး ပေါက်စ ၃ နှစ်သား ထက် ပင် ချစ်ရသည့် အသဲကျော်လေး ပင် ။

ရှောင်းကျန့် ့ သူငယ်ချင်း ကင်မ် နဲ့
ကျောင်းအတူတူ ထားဖို့
သူ့အိမ်စီစဥ်ထားတယ်။
အထက်တန်း ပထမနှစ် ကို ရှောင်းကျန့်လေး က
ကျောင်းအသစ် မှာ စ တက်ရမည် ဖြစ်သည်။ ။

ရှောင်းကျန့် ကို အိမ်က ကျောင်းနဲ့ နီးတယ့်
ရပ်ကွက် မှာ အတန်သင့် ကျယ်ဝန်းသည့်
တိုက်ပုလေး တစ်လုံး ဝယ်ပေးထားသည် ။

တစ်ယောက်ထဲ မို့လို့ စိတ်မချတာကြောင့်
အစ်မ တစ်ဝမ်းကွဲတွေ က
အားရင်အားသလို လာနေပေးကြသည် ။

အခုလည်း မနက်ဖြန် ကျောင်းအသစ် မှာ တက်မယ့် အကြောင်း ကို အလုပ်လုပ်နေတဲ့ အမ တွေ
နား ကပ် ပြောနေလေရဲ့

"ကျဲကျဲ ကင်မ် က ပြောတယ်
သူ့ ကျောင်းက မုန့်တွေက အရမ်း စားလို့ ကောင်းတယ် တဲ့ သိလား..။
စာကြည့်တိုက် ကြီး ကလည်း အကြီးကြီး တဲ့ ။
အားကစားကွင်း တွေ လည်း ရှိတယ် တဲ့ ကျဲကျဲ "

"အင်း ကျန့်ကျန့် လေး"

"ပြီးတော့ ကန်တင်းက လည်း အကျယ်ကြီး ပဲ တဲ့
ကျဲကျဲ"

"အွန်း ကျန့်ကျန့်လေး"


"ကျောင်းကနေ ခရီး တွေ လည်း ထွက်ရတယ် တဲ့
အဲ့ကျရင်
သား လိုက်မှာ နော် သိလား "

"အင်း ကျန့်ကျန့်လေး
ကျဲ မနက် ကြရင် မုန့်ဖိုး အများကြီး
ထည့်ပေးလိုက်မယ် နော် ။"

Oh my crush...Where stories live. Discover now