ကျေးဇူးတင်ကြောင်းလေး မပြောသေးခင်
ဒီစာလေးကို သေသေချာချာလေး ဖတ်ပေးဖို့ တောင်းဆိုပါတယ်နော်..။Oh my crushလေး ရေးရတယ့်
ရည်ရွယ်ချက်လေးကို
ကိုယ် အရင်ပြောချင်ပါတယ်။
ကိုယ်တွေရဲ့ အထက်တန်း ၊ အလယ်တန်း ကျောင်းသားဘဝ တွေဟာ အချစ်ဆိုတဲ့ အရာနဲ့ စတင်ထိတွေ့လာရတဲ့ အရွယ်လေးတွေပါ။သဲငယ်တို့ မှာ အထက်တန်းကျောင်းသားဘဝ နဲ့ ပတ်သက်ပြီး အမှတ်တရကောင်းတွေ ရှိခဲ့ကောင်း၊ ရှိခဲ့ပါလိမ့်မယ်။
သဲငယ်တို့ထဲက တစ်ချို့ဟာ လူတစ်ယောက်ကို
စွဲစွဲလန်းလန်း ချစ်မိဖူးတာ ဖြစ်ဖြစ် ၊
သဲငယ်ကို လူအများစုက ဝိုင်းချစ်ကြတာပဲ ဖြစ်ဖြစ် ရှိဖူးမှာပါ။ဒါတွေက ချိုမြိန်တဲ့ အခိုက်အတန့်တွေပါပဲ။
ကိုယ်ဟာ တစ်စုံတစ်ယောက်ကို ကြည့်ရင်းနဲ့
စိတ်ထဲမှာ ပျော်ရွှင် ရတဲ့ လှိုင်းကလေး ဖြစ်လာတယ်ဆိုရင်.. ကြည်နူးရတာပါပဲ။
အဲ့လို ကိုယ့်ကို ကြည့်နေတဲ့သူတွေ ရှိရင်လည်း ကိုယ်က သူများတွေအတွက်
ပျော်ရွှင်စရာလှိုင်းကလေးပေါ့။
အဲ့ အခိုက်အတန့်တွေဟာ အထက်တန်းအရွယ်မှာ ပဲ ရတာပါ။ချစ်ရတဲ့ သူကြောင့် ၊
သဘောကျရတဲ့ သူကြောင့် ၊
ရလာတဲ့ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း တွေဟာ
အဲ့လူကြောင့်ပဲ အသားကျနေတက်သွားတာကို ကိုယ်တို့ လက်ခံခဲ့ဖူးပါတယ်။ဒါပေမယ့် ..အဲ့လို အထက်တန်းဘဝ တွေကို ရာခိုင်နှုန်းနဲ့တွက်ရင်
100 မှာ 50 ရာခိုင်နှုန်းလောက်သူတွေက
ထပ်တူညီတဲ့ ချစ်ခြင်းကို ရခဲ့ကြပါတယ်။တချို့ကတော့ ချစ်နေရရုံနဲ့
ပြည့်စုံတဲ့ ချစ်ခြင်းမျိုး၊
တချို့ကတော့ ချစ်ခွင့်တောင် မရှိခဲ့တဲ့ ချစ်ခြင်းမျိုး၊ အဖြစ်မျိုးတွေ ရှိခဲ့ဖူးမှာပါ။အခု ကိုယ့်fic လေးက 100 မှာ 10 ရာခိုင်နှုန်းလောက်ပဲ ရှိတဲ့ အထက်တန်းဘဝကနေ Married ဘဝကို ဖော်ပြထားတာပါ။
အပြင်မှာတော့ ဒီလူကိုပဲ ချစ်၊ ဒီလူနဲ့ပဲ ယူ
ဆိုတာ တော်တော်လေးကို ရှားပါတယ် ။Oh my crush လေးက ကိုယ့် ဖြစ်ရပ်မှန်လေးလို့ သဲငယ်တို့ကို ပြောထားပါတယ်။
အခု Part 38 လောက်နဲ့ ဇာတ်သိမ်းလိုက်ရတော့ နှမြောမိပါတယ်၊
ဒါပေမယ့် လည်း အကြာကြီး မဆွဲထားချင်လည်း ပါတာမို့ ဇာတ်သိမ်းခဲ့တာပါ။
YOU ARE READING
Oh my crush...
Romanceတစ်စုံတစ်ယောက် ကို ဘယ်လောက်ထိ သဘောကျမိတဲ့ အကြောင်း မေးတယ့် အခါ ရှိုက်သံ တွေ မပါဘဲ ဖြေကြည့်ပါ...။ one side love.