(၉)

222 34 0
                                    

[ Zawgyi ]

"ရှောင်း .. ရေအရင်ချိုးချင်လား။"

"မောင်အရင်ချိုးနှင့် ။"

ခေါင်းငြိမ့်ပြကာ ရေချိုးခန်းရှိရာသို့ .... ။

ညကျဘယ်လိုလုပ်ရမလဲ ဆိုတဲ့အတွေးက
ခေါင်းထဲဝင်ဝင်လာသည် ။

ယောကျာ်းတစ်ယောက်နဲ့လက်ထပ်ဖို့
မဆိုင်းမတွလက်ခံခဲ့တဲ့ သည်အမျိုးသားက
သူနဲ့တစ်ခန်းထဲအိပ်လို့ရော .. သင့်တော်
ပါ့မလား ။စိတ်အနှောင့်ယှက်ဖြစ်ပြီးအိပ်မှ
ပျော်ပါ့မလားလေ ..

အခန်းထဲပြန်ဝင်လာတော့ ခုတင်ပေါ် တွင်
အသင့်ရှိနေပြီးသား
စွပ်ကျယ်အဖြူလက်ဇက လေး ။

လူကဘယ်ရောက်သွားသလဲ။

"အဝတ်တွေဘယ်မှာထားမှန်းသေချာမသိ
တာနဲ့ အင်္ကျီပဲထုတ်ထားပေးတယ် ။"

အနောက်ကအသံ ။

လှည့်ကြည့်လိုက်တော့ ..

အနည်းငယ်နွမ်းနေပေမယ့် မျက်ဝန်းများက
ကြည်လင်ဆဲ ။

သူပြုံးလိုက်ရင်း အနားသွားကာ ..

ထိုသူရဲ့ပုခုံးနှစ်ဖက်ကိုဖွဖွလေးဆုပ်ကိုင်
ထားလိုက်တယ် ။

နောက်.. ထိုအမျိုးသားရဲ့ဂန္တဝင်မျက်ဝန်းညို
တွေနှင့်ဆုံလိုက်ပြီး

"ကျွန်တော်နဲ့လက်ထပ်တဲ့အတွက်ခင်ဗျားကို
ကျေးဇူးတင်ပါတယ်။"

အလှဆုံးနှုတ်ခမ်းပါးလေးမှ နှုတ်ခမ်းလေး
လှုပ်ရုံမျှ ပြုံးလေတယ်။

မှဲ့နက်လေးကထိုနှုတ်ခမ်းပါးလေးရဲ့အပြုံး
တွေကိုလှသထက်လှအောင်ကူပေးလေရဲ့..။

ခေါင်းငုံ့လျက်နှစ်ယောက်မျှကြားနိုင်ရုံအသံ
လေးနဲ့ပြောလာခဲ့တယ်။

"နှစ်ဦးသဘောတူပါလေ။"


နှုတ်ခမ်းစွန်းတွေကွေးတက်သွားတဲ့ဗိုလ်မှုး ။

အကြည့်ကလည်းသူ့ဆီမှမခွာသေး။

ပုခုံးစွန်းပေါ်ကလက်ချောင်းရှည်တွေရွေ့
သွား
မှ ရှောင်းကျန့်အသက်ကိုပြင်းပြင်းရှုလိုက်
မိတယ် ။

အချစ်ဆုံးDonde viven las historias. Descúbrelo ahora