(၂၁)

240 33 2
                                    

[ Zawgyi ]

"စာရင်းအတိအကျမှတ်ထားတဲ့စာအုပ်အစစ်
က ပျောက်နေတာ ဗိုလ်မှုး ။"

"ဒါဆို အခုရှိနေတာကအတုလို့ပြောချင်တာ
လား။"

"အဲ့သဘောပါပဲ ဗိုလ်မှုး ။"

"ဒီလောက်အရေးကြီးတဲ့စာအုပ်ကိုမှသေချာ
မထိန်းသိမ်းနိုင်တာ ညံ့တာပဲ!။"


ဗိုလ်မှုး စကားအဆုံးအတွင်းရေးမှုးလွီက
ခေါင်းငုံ့လျက် မျက်နှာမဖော် ။

တကယ်လည်း ကိုယ့်အမှားဖြစ်နေသည်ပဲ။
လာခိုးတဲ့သူကလည်းပုံစံတူစာအုပ်နဲ့တလွဲ
စာရင်းလုပ်ထားပြီးစာအုပ်ချင်းနေရာလဲပြီး
ထားသွားခဲ့တာ ။

ထိုစာအုပ်ကမည်သူ့ထံရောက်နေမည်ဆိုတာ
တော့စဉ်းစားစရာတောင်မလို ။

အသိသာကြီးပဲမလား ။ဒုအတွင်းဝန်ပဲရှိတာ။


"ကဲ ဒါဖြင့်လည်းကျုပ်တို့တစ်ခြားနည်းစဉ်း
စားတာပေါ့ ။"

"မမှီလောက်တော့ဘူးထင်ပါရဲ့ ဗိုလ်မှုး။"

"ဒုအတွင်းဝန်ကသက်သေရှိနေပြီဆိုပြီး
တရားရုံးကိုတင်သွင်းထားတယ် ။"


သစ်သားစားပွဲကိုလက်ညှိုးနဲ့ခပ်ဖြေးဖြေး
ခေါက်နေသည့်ဗိုလ်မှုးကတစ်စုံတစ်ရာကို
စဉ်းစားနေသည့် ဟန် ခေါင်းတငြိမ့်ငြိမ့် ။



"ဒါဆိုလည်းမနက်ဖြန်လာခေါ် ရင်လိုက်သွား
လိုက်ပါ။"

ဗိုလ်မှုး စကားအဆုံးမျက်လုံးများပြူးကျယ်
ကာ
အလန့်တကြားဖြစ်သွားတဲ့ အတွင်းရေးမှုးက
ဗိုလ်မှုးဝမ်ရဲ့ နားလည်ရခက်တဲ့အပြုံးကို
သတိမထားမိခဲ့ပေ ။



_____________________________________

"ဂေဟာကကလေးတွေရော ၊ အဆင်ပြေပြေ
ရှိနေရဲ့လား ။"

"ဟုတ် အခုတော့အကုန်အဆင်ပြေသွားပါ
ပြီ။
ဖွားလာမယ့်အချိန်ကိုလည်းဂေဟာမှုးကမျှော်
နေတယ်လို့စကားပါးလိုက်တယ်။"

"အင်း။ ဖွားကတော့ဒီဘက်မှာမအားတော့
ဘူးလေ ။ဒါကြောင့်အဲ့ဒီကိုသွားဖို့ကအချိန်
မရှိတော့သလိုဘဲ။"

"နောက်ကျ မှ ကျွန်တော်တို့အတူသွားကြ
တာပေါ့။ဖွားကိုလိုက်ပို့ပါ့မယ်။"

အချစ်ဆုံးWhere stories live. Discover now