44

14.4K 2.1K 130
                                    

{Unicode}

"ကြိုတင်ကြံစည်မှု"

ဝမ်ယန် ကားစီးပြီး Wen Nan စံအိမ်သို့ ထွက်လာချိန်မှာ အချိန်အားဖြင့် ခြောက်နာရီ ထိုးနှင့်နေခဲ့ပြီ။

ကောင်းကင်ယံမှာ မဲနယ်ရောင် ခြယ်သထားပြီး နှင်းစိုင်ထုကြီးများလည်း တသွင်သွင် ကျဆင်းဆဲ။

လက်ထောက်လေးက ဝမ်ယန်အား ခပ်တိုးတိုး သတိပေးလာသည်။

"ယန်ကော၊ ကုမ္ပဏီဘက်က ပြောတာတော့ ခဏနေ ညစာစားပွဲကို ရောက်ရင် အဲ့သူဌေး လေးငါးယောက်လောက်ကို အစဥ်အတိုင်း ကမ်းပေး လုပ်ရမယ်တဲ့၊ မမေ့နဲ့ဦးနော်..."

ဝမ်ယန်သည် လက်ပတ်နာရီတွင် ဖော်ပြထားသော အချိန်ကို ကြည့်လိုက်ရာ ထင်သည့်အတိုင်း ထိုများပြားလှစွာသော ဂိုဏ်းဂဏ ခေါင်းဆောင်များနှင့် ညစာစားဖို့ရန် နောက်ကျနေပြီဖြစ်ကြောင်း တွေးမိသည်နှင့် မျက်မှောင်ကြုတ်မိသွားသည်။ တစ်လမ်းလုံး ယာဥ်ကြောပိတ်ဆို့ နေကတည်းက မျိုသိပ်ထားခဲ့သော ဒေါသလှိုင်းလုံးကြီးသည် ရုတ်ချည်း ဆန်တက်လာသည်။

သူသည် ကိုယ်ခန္ဓာကို လှည့်လိုက်ကာ လက်ယမ်းလိုက်ပြီး ထိုအမျိုးသမီးငယ်လေး၏ မျက်နှာကို ဘတ်ခနဲ မြည်အောင် ရိုက်ချပစ်လိုက်ကာ ရုန့်ရင်းကြမ်းတမ်းစွာနှင့်

"မင်းမေ*ပဲ၊ မင်းကများ ငါ့ကို ပြန်လာသင်ပြနေသေးတယ်။ စိတ်ရှုပ်စရာ ကောင်းလိုက်တာ၊ ထွက်သွားစမ်း"

မိန်းမငယ်လေးသည် အကြောင်းပြချက် မရှိဘဲ ပါးရိုက်ခံလိုက် ရသောအခါ မျက်လုံးထဲတွင် ခဏတွင်းချင်း မျက်ရည်စက်တို့ အိုင်ထွန်းလာသည်။

သို့သော်ငြား ဝမ်ယန်က လက်ရှိတွင် ဒေါသမီးတောက် နေသည်မို့ သူမလည်း အသံမပြုရဲဘဲ မျက်ရည်များကို တိတ်တဆိတ် သုတ်ပစ်ပြီး ပါးစပ်ကိုသာ ပိတ်ထားလိုက်သည်။

ကားရပ်သွားသောအခါ ဝမ်ယန်လည်း တံခါးဖွင့်ပြီး ဆင်းလာသည်။

သူသည် ခေါင်းလှည့်လိုက်ပြီး ရှိုးတိုးရှန့်တန့် ဖြစ်နေသော လက်ထောက်မလေးကို ကြည့်ကာ ကြိမ်းမောင်းပြန်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now