46

14.1K 2.1K 91
                                    

{Unicode}

"ခွေးရူးတစ်ကောင်"

ရန်ကျားလိမှာတော့ ယဲ့ထင်၏ အမေးစကားအပေါ် ခွန်းတုံ့ပြန်ခြင်း မပြုခဲ့ပါပေ။

သူသည် ရေနွေးများဖြင့် ပြည့်လျှံနေသော ရေချိုးကန်လေးတွင်သာ ငြိမ်ငြိမ်ဆိမ်ဆိမ်နှင့် ထိုင်နေခဲ့သည်။ ယဲ့ထင်မှ သူ့ခေါင်းအား ဆေးကြောပေးနေ၍ ခေါင်းပေါ်တွင် တိမ်လွှာတစ်တိုက် ဆောင်းခြုံထားသကဲ့သို့ ဖြူဖျော့ဖျော့ ဆပ်ပြာပူဖောင်းများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

ယခု ရန်ကျားလိမှာ အော်တစ်ဇင် အခြေအနေ ဖြစ်လို့နေပြီး မိမိနှင့်လည်း စကားပြောဖို့ ဆန္ဒမရှိကြောင်း ယဲ့ထင်လည်း သိပါသည်။

ထို့ကြောင့်ပင် အမျက်ဒေါသလည်း မထွက်နိုင်ခဲ့ပါ။ သူသည် ရန်ကျားလိ၏ ကျောနောက်တွင် ထိုင်နေပြီး ရှည်လျားသော ခြေချောင်းများဖြင့် ရန်ကျားလိ၏ ခါးသွယ်သွယ်လေးကို ဖျစ်ညှစ် တွယ်ကပ်လို့ထားကာ နားရွက်နား တိုးကပ်သွားပြီး ခပ်တိုးတိုး ပြုံးရယ်လိုက်ကာ

"ကိုယ် ဒီနေ့၊ ရေမြောင်းထဲမှာ ကြွက်ထောင်ချောက် တစ်ခုထောင်ခဲ့တာ၊ စိတ်ပျက်စရာ အကောင်းဆုံး ကြွက်ကြီးတစ်ကောင်ရဲ့ အမြှီးကို ဖမ်းမိအောင်လို့လေ"

ရန်ကျားလိသည် တိတ်ဆိတ်နေဆဲဖြစ်ပြီး ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေသော ရာဘာသိုးရုပ်လေးကို ကောက်ကိုင်လိုက်ကာ ဖျစ်ညှစ်နေသည်။

ယဲ့ထင်သည် မိမိစကားပြောနေသည်ကို တစ်ဖက်လူ ဂရုစိုက်ရဲ့လော ဆိုသည်ကိုပင် ဂရုမစိုက်ဘဲ ထိုအတိုင်းသာ ဆက်ပြောနေသည်။

"အဲ့ ညစ်ပတ်စုတ်ပြတ်နေတဲ့ ကြွက်ကြီးက မင်းကိုတောင် ကိုက်ရဲတယ်! ပေါင်ပေါင်း၊ ကိုယ်တို့ အတူတူ သူ့လျှာကို ဆွဲနုတ်ပစ်ပြီး အရိုးတွေ ကြေသွားအောင် ကြိတ်ပစ်မယ်လေ၊ မင်းပြောကြည့် ကောင်းလား မကောင်းဘူးလားလို့"

ရန်ကျားလိမှာ ထုံးစံအတိုင်း စကားကို ပြောမလာပေ။

ယဲ့ထင်သည် သူ့ခေါင်းပေါ်မှ ဆပ်ပြာပူဖောင်းများကို ဆေးချပေးလိုက်ပြီး ခေါင်းကို မျက်နှာသုတ်ပဝါဖြင့် ပတ်ကာ ဖြည်းဖြည်းချင်း သုတ်ပေးနေခဲ့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now