[89]

1.1K 207 0
                                    

[Unicode]

အခန်း(၈၉):ရိုးသားကြည့်​လေ နှင့် ညဥ့်နက်အခါဝယ် မက်​ဆေ့ချ်များ

ဒီလိုအရာတွေကို ခိုးကြောင်ခိုးဝှက်ကြည့်ဖို့ ဘယ်သူက ပြောလိုက်တာလဲ,ဟမ်?” ချိုးကျီယန်သည် သူ့နား,နားတွင် ကပ်ကာ နူးညံ့စွာ တိုးတိုးလေးပြောလိုက်သည်။

"ကျွန်တော် မလုပ်ဘူး။" ထန်​ရှောင်းယွီသည် အနည်းငယ် ငြင်းဆန်လိုက်ပြီး "ကွန်ပြူတာကနေ သူ့ဘာသာ ပေါ်လာတာ"

“ဆင်ခြေတွေပဲ....” ချိုးကျီယန်သည်ကား သူ့ကို လွှတ်ပေးလိုက်ဖို့ ရည်ရွယ်ချက် မရှိပေ။

“......” ထန်​ရှောင်းယွီက​တော့ သူဘာပဲပြောပြော သူပြန်အပြစ်တင်ခံရဖို့ ဖြစ်နိုင်ချေများတာမို့ ပါးစပ်ပိတ်ထားလိုက်ရုံပါပဲ။

အများစုမှာတော့ နမ်းမယ်,ထိ​တွေ့တာ​လောက်ပဲ ရှိ၏၊ဒါက အရမ်းလေး​လေးနက်နက် ရှိသည့်ပုံမ​ပေါ်သလို အရေးလည်းမကြီးပေ။

ဒါပေမယ့် ဒီတစ်ခါတော့ ချိုးကျီယန်က..... နည်းနည်းတော့ ပိုလာချင်ပုံရ၏။

"တစ်စိတ်​လောက်!" ထန်​ရှောင်းယွီသည် တစ်ဖြည်းဖြည်းနဲ့ လျှောဆင်းလာတဲ့ သူ့လက်ကို တားလိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ?" ချိုးကျီယန်သည်ကား အလွန်အပြစ်ကင်းသည့်အမူအရာဖြင့်။

"ကျွန်တော် အခု အနားယူတော့မယ်။" ထန်​ရှောင်းယွီသည် မတ်တပ်ထရပ်ပြီး သူ့ကို တွန်းထုတ်လိုက်ကာ သူ့နှလုံးခုန်နှုန်းကလည်း အရမ်းမြန်နေပုံရ၏။

"ကိုယ့် ဇနီး​လေး။" ချိုးကျီယန်သည် သူ့ကို ပလာစတာကပ်ထားသလို နောက်က​နေ ပွေ့ဖက်ထားသည်။

ဆုနိုက​တော့ ဒါကိုမြင်ရင် သူ အရမ်းပျော်သွားမှာ သေချာတယ်။ချိုးကျီယန်က အတွင်းရောအပြင်​ရော ယောက်ျားပီသသူမဟုတ်သည်မှာ သေချာတယ်ပေါ့၊ ဒါက တကယ်ကို ကောင်းတာပဲ!

“အဓိပ္ပါယ်မရှိတာ​တွေကို ရပ်လိုက်။” ထန်​ရှောင်းယွီ၏နားတွေမှာ ပူလာရသည်။

"ကိုယ် အဓိပ္ပါယ်မရှိတာ​တွေ ဘာတစ်ခုမှမလုပ်ထားပါဘူး" ချိုးကျီယန်သည် ကွေးလိုက်ပြီး တစ်ဖက်လူကိုမချီကာ "ပျော်စရာတစ်ခု လုပ်ကြရအောင်။"

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now