47

13.9K 2.1K 344
                                    

{Unicode}

"မိုးသက်မုန်တိုင်း ကရောက်ခင်ဝယ်"

လက်ထောက်မလေးက ဝမ်ယန်၏ လက်ကိုင်ဖုန်းကို ယူလာပေးသည်။

သူမသည် ခေါ်ဆိုမှု မှတ်တမ်းကို စစ်ဆေးကြည့်ရှူလိုက်ပြီး ဥက္ကဌယဲ့ထံမှ အဝင်ခေါ်ဆိုမှု မရှိကြောင်းကို တွန့်ဆုတ်တွန့်ဆုတ်နှင့် ဝမ်ယန်အား ပြန်ပြောပြသည်။

ဝမ်ယန်မှာ မျက်မှောင်ကြုတ်သွားပြီး ယဲ့ထင်အား ဖုန်းခေါ်ဆိုကာ အခင်အမင်ပိုသော ရောက်တက်ရာရာ စကားများ ဖောင်ဖွဲ့ပြောဆိုကြည့်လျှင် အဆင်ပြေလောက်မလားဟု တွေးကြံနေစဥ်မှာပဲ မမျှော်လင့်ထားစွာနှင့် ထိုနေ့ညမှာ ယဲ့ထင်ကိုယ်တိုင် ကားမောင်းလာပြီး မိမိ စတူဒီယို၏ တံခါးဝရှေ့သို့ ရောက်လာခဲ့လေ၏။

ယဲ့ထင်မှာ ပုံမှန်အတိုင်း ဝတ်စုံပြည့်နှင့် တောက်ပြောင်သော သားရေဖိနပ်တို့ကို ဝတ်ဆင်ထားလေသည်။ ​စွဲမက်စရာ ရုပ်ရည်ရူပကာနှင့် ခန့်ညားထည်ဝါပြီး အရပ်အမောင်းမှာလည်း ကျစ်လျစ်မြင့်မားသည်။ မျက်နှာကျ အချိုးအဆစ်မှာလည်း အထင်အရှား ရှိလှပြီး ယောက်ျား ဟော်မုန်းများသည်လည်း လိုသည်ထက် ပိုပြီးအလျှံပယ် ဖြာကျနေလေ၏။

သူသည် အဖြူမမည်သော မည်းညစ်နေသည့် Maybach ကားကို မှီထားရင်း ဆေးလိပ်သောက်နေသည်။ လက်ကောက်ဝတ်မှ စိန်ကွပ်ထားသော လက်ပတ်နာရီသည်လည်း ညအလင်းရောင်ကြောင့် အနည်းငယ်တောက်ပနေ၏။

ဝမ်ယန်မှာ အဆိုပါ မြင်ကွင်းကို မြင်လိုက်ရသည်နှင့် နှလုံးခုန်နှုန်းမှာ ရုတ်တရက် ဆတိုး ထိုးတက်သွားသည်။

အမှန်အတိုင်း ဆိုရမည်ဆိုလျှင် မိမိသည် အနုပညာလောက အသိုင်းအဝိုင်းထဲ စတင်ဝင်ရောက်လာခဲ့စဥ်က လိင်တူဆက်ဆံခြင်းနှင့် ပတ်သတ်ပြီး လွန်စွာ အရောတဝင် ရှိနေခဲ့သည် မဟုတ်ပါပေ။ သို့သော်လည်း ဤလောကတွင် ကျင်လည်နေရသည်မှာ အချိန်ကြာလာသည်နှင့်အမျှ သူသည်လည်း အချို့သော ကိစ္စရပ်များအား တဖြည်းဖြည်းနှင့် နားလည်လာခဲ့လေပြီ။ မိမိ၏ ဂုဏ်ရှိန်ဂုဏ်ဝါ၊ လူနေမှု အဆင့်အတန်းများ အောင်မြင် ကျော်ကြားလာစေရန် ဆန္ဒပြင်းပြသူ တစ်ယောက် ဖြစ်သည်နှင့်အညီ အဖော်အချွတ် လုပ်လိုက်ဖို့ရန်ပင် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်မနေခဲ့ချေ။ သို့ဖြစ်ပါ၍ အချိန်လွန်သော် မိမိကိုယ်၌၏ အတွေးအခေါ်၊ သဘောထားတို့သည်လည်း အရင်နှင့်မတူ ကွဲပြားလာတော့သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now