[90]

1.5K 239 3
                                    

[Unicode]

အခန်း(၉၀):ခွင့်ရက်ယူခြင်း နှင့် တွေ့ဆုံခြင်း


ချိုးကျီယန်ရဲ့နှလုံးသားထဲမှာ တွေ​ဝေမှိုင်းထသွားပေမယ့်လည်း မက်ဆေ့ချ်ကို မစစ်ဆေးခဲ့​ပေ။ထန်​ရှောင်းယွီအ​ပေါ် သူ့ရဲ့ထိန်းချုပ်မှုသည် 'ယခင်က သူနှင့်အတူရှိခဲ့ဖူးသော မေးခွန်းထုတ်စရာလူများနှင့် အဆက်အသွယ်မပြုရန်' ကန့်သတ်ထားခြင်းသာ ဖြစ်သည်။သူသည် တစ်ဖက်လူရဲ့ပါဆင်နယ်ကို အတော်လေး လေးစားခဲ့သည်။

ဒါ့အပြင် က​လေးတစ်​ယောက်အတွက်​ သူငယ်​ချင်း​တွေ များ​များထားတာ​တော့ မဆိုးပါဘူးလေ။

"အစ်ကိုကျီရန်...ဘာလုပ်နေတာလဲ?" လိမ်းဆေးက တော်တော်လေး အေးတော့ ထန်​ရှောင်းယွီသည် သူ့မျက်လုံးတွေကို မှုန်ကုပ်ကုပ်နဲ့ ဖွင့်လိုက်ပြီး သူ့မျက်နှာတစ်ပြင်လုံးမှာ ပဟေဋ္ဌိဆန်ဆန် စကားလုံးတွေက ဖော်ပြလို့ထားသည်။

သူဆက်လုပ်မလို့လား?

"မကြောက်ပါနဲ့။ ပြန်အိပ်တော့။" ချိုးကျီယန်သည် သူ့နှုတ်ခမ်းလေးကို ညင်သာစွာ အနမ်းပေးလိုက်ပြီး "မင်းကို ကိုယ် လိမ်းဆေးလိမ်းပေးနေတာပါ ဒါမှမဟုတ်ရင် မနက်ဖြန်ကျ မင်း နာနေလိမ့်မယ်"

သူ စိတ်သက်သာရာရစွာဖြင့် ထန်​ရှောင်းယွီသည် သူ့မျက်လုံးတွေကို နာနာခံခံဖြင့် ပြန်မှိတ်လိုက်သည်။

-beep- လုပ်ပြီးသည်​နောက် မောပန်းနွမ်းနယ်နေသော်လည်း ချိုးကျီယန်သည် လိမ်းဆေးဆီလိမ်းပြီးနောက်တွင် အိပ်ချင်စိတ်ကို အနည်းငယ်မျှ မခံစားမိပေ။သူသည် ချစ်ရသူ၏မျက်နှာနှင့် တင်ပါးတွေကို နမ်းရှိုက်လို့​နေသည်။သူ့နှလုံးသားသည် ပေါက်ကွဲလုမတတ် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေ၏။

"ရပ်တော့။ အိပ်သင့်​နေပြီ။" ချိုးကျီယန်၏ထပ်ခါတလဲလဲ အနမ်းများကြောင့် ယားယံပြီးစိတ်မသက်မသာ ခံစားနေရသည်မို့ ထန်​ရှောင်းယွီသည် သူ့ခြေထောက်ကိုမကာ အား​ပျော့စွာ ကန်ထုတ်လိုက်သည်။

ချိုးကျီယန်၏နှုတ်ခမ်းတွေက ပင့်တက်လာပြီး သူ့လက်တွဲ​ဖော်ကို အနောက်ကနေ ပွေ့ဖက်လိုက်၏။ "ဂွတ်နိုက်"

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now