[92]

1.2K 208 3
                                    

[Unicode]

အခန်း(၉၂):ကျွန်တော် လိုက်ချင်တယ် နှင့်
လေ့ကျင့်ရေး ကာစီနိုဝိုင်း

ဟန်ဝေသည် ဖုန်းကို ချလိုက်ပြီး အခန်းထဲသို့ ပြန်ဝင်လာသည်။ အိုးရန်လုံက တံခါးကိုဖွင့်ချိန် မေးလာသည်။ "နိုနိုလား?"

"အိမ်ကကိစ္စတချို့ကြောင့် ငါ့ဆီကို ဖုန်းဆက်တာပါ။" ဟန်ဝေ သူ့ဘေးတွင် ထိုင်လိုက်သည်။ "ဒီနေ့ ဘာလို့ငါ့ကိုလာရှာတာလဲ?"

“ရက်အနည်းငယ်ကြာမှာ ကစားမယ့်ကာစီနိုပွဲမှာ သူနဲ့ လိုက်ချင်တယ်” အိုးရန်လုံသည် ခပ်ပြတ်ပြတ်ပြောလိုက်သည်။

"သူ မင်းကို ဒီအကြောင်းပြောပြခဲ့တာလား?" ဟန်ဝေ မျက်ခုံးပင့်လိုက်သည်။အပြင်လူတွေဘက်မှာ ရှိနေတဲ့ ညီတစ်​ယောက်ရှိ​နေရတာကြောင့် သူ့ခံစားချက်ကို ဘယ်လိုဖော်ပြရမလဲကို အမှန်တကယ် မသိတော့ပေ။

အိုးရန်လုံသည် တိတ်ဆိတ်ခြင်းဖြင့်သာ သဘောတူလိုက်သည်။

"အဲဒီကိုသွားတော့​ရော မင်းဘာလုပ်နိုင်မှာလဲ?" ဟန်ဝေသည် ဆေးပြင်းလိပ်ကို ထုတ်လိုက်သည်။ "မင်း ကာစီနိုမှာလည်း မကစားနိုင်သလို တိုက်ခိုက်ရေးမှာလည်း မင်း မလုပ်နိုင်ဘူး။ တိုက်ပွဲဖြစ်လာခဲ့ရင် မင်းကို ကာကွယ်ဖို့ လူတွေကို လွှတ်ပေးရအုံးမယ်။ ပြောစရာတောင် မလို​တော့ဘူး။ မင်းသာ သူ့ဘေးမှာရပ်နေရင် နိုနို စိတ်ရှုပ်သွားမှာက​တော့ သေချာသ​လောက်ပဲ။"

“ကျွန်တော် ကာစီနိုဆိုက်ထဲကို မဝင်ပါဘူး။ ဒါပေမယ့် လိပ်စာကိုတော့ ပြောပြရမယ်။ကျွန်တော် တစ်​နေရာမှာ ပုန်းနေပြီး ပြီးတဲ့အထိ စောင့်နေမယ်။ နိုနိုကိုကျ​တော့ ခင်ဗျား သူ့ကိုမပြောပြသရွေ့တော့ သူသိဖို့ နည်းလမ်းမရှိဘူး"

"ဒါ အဓိပ္ပါယ်ရှိတယ်လို့ထင်လား?" ဟန်ဝေ သူ့ကိုကြည့်လိုက်သည်။

"မရှိပါဘူး။" အိုးရန်လုံသည် သူ့ကိုယ်သူ အနည်းငယ် ရယ်မောလိုက်ပြီး "ကျွန်တော် စိတ်ငြိမ်သက်မှု ရချင်ရုံသက်သက်ပါ"

"သဘောမတူဘူး ဆိုရင်ရော?" ဟန်ဝေ၏လေသံမှာ ပြင်းထန်လာပြီး ဒေါသအရိပ်အယောင်များ ပါလာသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now