48

13.1K 2.2K 58
                                    

{Unicode}

"ပွဲကြီးပွဲကောင်းက အခုမှမှာ"

ရန်ကျားလိ သန့်စင်ခန်းမှ ထွက်လာသောအခါ ယဲ့ထင်မှာ အပြင်ဘက်မှ ကြွေထည်နံရံကို မှီလျက်ရှိနေသည်။

ညှိုးမှိန်သော နံရံကပ်မီးတိုင်မှ ဖျော့တော့တော့ အလင်းရောင်ကြား နစ်မြှုပ်နေသော မျက်နှာထားသည် အသေးစိတ် ထွင်းထုထားသော ပန်းပုရုပ်သဏ္ဍာန် နှစ်လိုစွဲမက်ဖွယ်ကောင်းပြီး ယောက်ျားပီသသည်။ အထူးသဖြင့် ကျစ်လျစ်သေသပ်သည့် ခန္ဓာကိုယ် တည်ဆောက်ပုံသည် ညို့ငင်နိုင်စွမ်းရှိသော ယောက်ျားသားတို့၏ ဂုဏ်ပုဒ်ဝိသေသန လက္ခဏာများအား ဖော်ဆောင်ပေးသည်။ သူ့မျက်လုံးထဲတွင်တော့ ထွင်းဖောက်မမြင်နိုင်သလို ရှုပ်ထွေး ပွေလီနေသည့် အမူအရာများ နက်နက်နဲနဲ ရောယှက်နေလေ၏။

ရန်ကျားလိ ထွက်လာသည်ကို မြင်သည်နှင့် သူသည် လူကို မိမိထံပါးသို့ ဆွဲခေါ်လိုက်ပြီး ပြုံးရယ်ကာနှင့်

"ဘာလို့ ဒီလောက် မြန်မြန် ထွက်လာရတာလဲ၊ ဝင်သွားပြီး ဘာလုပ်တာလဲ၊ အိမ်သာ သွားတက်တာလား"

ရန်ကျားလိသည် ထိတ်လန့်မှုကြောင့် တစ်ချက်တုန်သွားပြီး ခြေလှမ်းများကို အရှိန်တင်လိုက်သည်။

ယဲ့ထင်သည် နောက်ကွယ်မှ သူ၏ အရိပ်ကို ကြည့်နေပြီး မတ်မတ်ရပ်ကာ အနောက်မှ လိုက်လာသည်။

ထို့နောက် ခန်းမအတွင်း ပြန်ရောက်သွားကြသည်။

ပရဟိတ ညစာစားပွဲမှာ မစတင်သေးပေ။ အခမ်းအနားသို့ ကဏ္ဍပေါင်းစုံမှ နိုင်ငံရေးနှင့် စီးပွားရေး ပညာရှင်များ၊ ထင်ပေါ်ကျော်ကြားသော အနုပညာရှင်များ အသီးသီး တက်ရောက်ခဲ့ကြသည်။

ရန်ကျားလိသည် ယဲ့ထင် အထူးတလည် စီစဥ်ပေးထားသော မီဒီယာသမားများ၏ အလျားရှည် ကင်မရာများနှင့် ဝေးကွာသည့် ထောင့်တစ်နေရာတွင် ထိုင်နေရသည်မို့ အနည်းငယ် သက်တောင့်သက်သာ ရှိနေသည်။

သူသည် ခိုးခိုးပြီး မျက်လွှာများကို ပင့်တင်ကာ ကျောက်ရှန့်ဟိုင် ထိုင်နေသည့်ဘက်ကို ကြည့်ကြည့်နေသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now