1𝚗𝚎

258 18 2
                                    

.Unicode.

မိမိ၏အိမ်...အိမ်ဟု မခေါ်ဆိုနိုင်၊ငှါး၍သာနေရသော တိုက်ခန်း။

ထိုနေရာသို့ ပြန်ရောက်မှ ဗိုက်ဖြည့်ရန် စားမည်ဟူသော တော့ပိုကီပါဆယ်အထုတ်လေးအား မျက်စောင်း မကြာခဏဆိုသလို ထိုးနေမိသည်။

*ဂွီ*

ပျင်းရိလေးတွဲစွာနှင့် လမ်းကိုလျှောက်လာလေသော်လည်း ဗိုက်အထဲကနေ အသံရှည်ဆွဲလျက် ထိုအကောင်အော်နေသည်မှာ ပုံဆိုးပန်းဆိုးကျနိုင်လွန်းလှသည်။

တစ်နေ့လယ်လုံး ဘာကိုမျှရေရေရာရာ မစားရသေးသည်ကြောင့်လည်းပါသည်။

မနေနိုင်တော့.. လမ်းမှာတင် နိုက်ကာစားလိုက်တော့၏။ ပါးစပ်ထဲသို့ အတင်းထိုးသွပ်ကာ ပလုတ်ပလောင်းနှင့် ဂျောင်ကုစားနေမိတော့သည်။
ထို့နောက်တွင် သူ၏လက်ပေကျံသွားသည်ကို အင်္ကျီအနားဖြင့်သာ မသိမသာသုတ်လိုက်၏။

ပါးစပ်နားက ပေနေသည်များကိုလည်း လက်ခုံဖြင့် သုတ်လိုက်ပြန်၏။ အချိန်မှန်စားရမည်ဟူ၍သူ့ကို ပြောထားသော ဆရာဝန်၏ ညွှန်ကြားချက်ကို အလေးမထားခဲ့ပြန်ဘူး။

လေအေးများက သူ့မျက်နှာပြင်ထက်သို့ လာတိုက်ခတ်သည်နှင့် သက်ပြင်းချလိုက်သည်။ သူဘယ်တော့များမျှ အေးအေးဆေးဆေးနေနိုင်မည်လဲ။

ဟိုနေရာ၊ သည်နေရာသွား အလုပ်လုပ်ရတာကို သူမလုပ်ချင်တော့၊ ဘယ်တော့များမှ များများစားစားသုံးနိုင်မည်လဲ။

တစ်ခါတလေတော့လည်း မဟုတ်သည့်အလုပ်တွေကို လုပ်ပစ်လိုက်ချင်သည်။ အဲဒါတွေက ငွေများများရနိုင်သည့် လမ်းပေါက်မဟုတ်လား။
ဦးနှောက်ထဲက အတွေးတို့ကို လွင့်စင်သွားစေရန် သူ ခေါင်းကို တွင်တွင်ခါယမ်းလိုက်၏။

ဦးခေါင်းကို ခါယမ်းလိုက်သည်‌ကြောင့် သူ့ဦးခေါင်းထက်က ဆံနွယ်ရှည်များသည် မျက်နှာကို အုပ်ကာကျလာသည်။ နှဖူးကနေမေးစေ့အထိ အပေါ်က‌ကျနေသော ဆံပင်များကို ဘေးသို့ ဖယ်ကာခွဲလိုက်သည်။
သူ့ပုံစံသည် အတော့်ကိုပင် ညစ်စုတ်စုတ်ဖြင့်ရှိ၏။

နှုတ်ခမ်းမွှေးရေးရေးကလည်း ပေါက်နေပြန်သည်။ သူဒါတွေကို ဂရုမစိုက်၊ သည်ခန္ဓာကိုယ်ကြီးက ဖြစ်ပျက်နေမှာပဲလေ။
တရားသဘောပေါက်စွာနှင့်သာ လွှတ်ထားသည်ကြောင့် ဆံပင်ပုံစံနှင့် သူ့ပုံစံကလည်း ထိုသို့ဖြစ်နေရခြင်းပင်။

အိမ်ကြီးရှင်«𝚃𝚊𝚎𝚔𝚘𝚘𝚔»[𝚘𝚗𝚐𝚘𝚒𝚗𝚐]Where stories live. Discover now