ရထားဖြင့် အဘယ်ကို ခရီးဆက်ရန် ကျန်သေးသည်လဲ။
ဂျောင်ကု စိတ်ပင်ညစ်ချင်လာသည်။ သူ သည်အမွေကို လက်ခံခဲ့တာ မှားလေရော့သလား ဟူသည်ကိုတော့ အနည်းငယ်မျှမတွေးမိ။ ဘယ်လို၊ ဘယ်ပုံမြန်မြန်ရောက်မလဲသာ တွေးနေမိသည်။
တစ်နာရီ အချိန်ကျော်ကျော်လောက် ရထားကို စီးပြီးချိန်မှာတော့
"နောက်ဆုံးတော့ ရောက်ပြီမလား၊ သိပ်ပျော်တာပဲဗျာ။"
"မရောက်သေးဘူး၊ နောက် ၁နာရီလောက် စီးဖို့ ကျန်သေးတယ်။ အခုဟာက တစ်ဝက်ပဲ ရှိသေးတယ်။"
"ခင်ဗျားဟာကလည်း သိပ်ဝေးတာပဲဗျာ။ ဘယ်အထိသွားဦးမှာလဲ၊ ဘယ်နေရာမှာ ဦးလေးကရှိတာလဲ။"
"နေပါဦး ကောင်လေးရယ်...သိပ်မလိုတော့ပါဘူး။ သိပ်တက်ကြွနေသလား၊ မင်းဦးလေးကိုတွေ့ဖို့လေ။"
"ဆိုပါတော့ဗျာ"
ဦးလေးကို တွေ့ဖို့ထက် အမွေရဖို့က ပို၍တက်ကြွနေသည်ဟုဆိုလျှင် သူလွန်လေမလား။
မိုက်ကယ်ပြောသည့်အတိုင်း တစ်နာရီခွဲကျော်ကြာ ရထားစီးအပြီးမှာတော့ လိုရာ ခရီးရောက်ချေပြီ။
"နောက်ဆုံးတော့ နောက်ဆုံးတော့ ရောက်ပြီ၊ ဒါပဲကွ ရောက်ပြီ။ ရေး ရေး..."
ကလေးငယ်တစ်ယောက်လို ဂျောင်ကုထခုန်မိသည်။ သူတကယ့်ကိုပင် ဝမ်းသာမိပါသည်။ အမွေကိစ္စကိုထက် ခရီးကိုသာ ပြီးဆုံးစေချင်သည့်စိတ်ကြောင့်နှင့်ပါ။
"တကယ်တော့..."
မိုက်ကယ်က စကားစသည်။
"ဘာကိုလဲ၊ တကယ်တော့က ဘာဖြစ်လဲ။ ဆက်သွားရဦးမယ်လို့ မပြောစမ်းပါနဲ့၊ ကျွန်တော်ငိုမိတော့မှာ။
ပင်ပန်းနေသလို၊ တင်ပါးတွေလည်း ပူထူနေပြီ။ မယုံရင် ခင်ဗျားဆေးလိပ်သောက်မယ်ဆို မီးခြစ်မယူနဲ့တော့ တင်ပါးမှာသာ မီးလာညှိတော့..."ဂျောင်ကု စိတ်ပေါက်ပေါက်နှင့်သာ ပြောချလိုက်တော့သည်။
"ဟားဟား မင်းကတော့ကွာ.. ခဏပဲကြာမှာပါ၊ ယုံစမ်းပါ ပြီးရင်ရောက်ပါပြီ။
ကဲလာ...ဟိုမှာ မြင်းလှည်းစောင့်နေတယ်။"
![](https://img.wattpad.com/cover/293109759-288-k447367.jpg)
YOU ARE READING
အိမ်ကြီးရှင်«𝚃𝚊𝚎𝚔𝚘𝚘𝚔»[𝚘𝚗𝚐𝚘𝚒𝚗𝚐]
Fanfiction•𝚄𝚗𝚒𝚌𝚘𝚍𝚎 & 𝚉𝚊𝚠𝚐𝚢𝚒• -Unicode အိမ်ကြီး၏ အပေါ်ကနေ ကျွန်တော့်ကို အမြဲတမ်းလှမ်းကြည့်နေသကဲ့သို့ ခံစားနေရသည်။ [ဤဇာတ်လမ်းတွင်ပါဝင်သည့် အချို့သောအကြောင်းအရာများသည် ကျွန်ုပ်၏ စိတ်ကူးသက်သက်သာဖြစ်ပါသည်။ တစ်စုံတစ်ရာ အမှားပါခဲ့လျှင် အနူးအညွှတ်တောင်းပ...