2𝚗𝚎

89 6 0
                                    

.Unicode.

"ကျွန်တော်သိပ်မှားလေပြီလား၊ သိပ်ကိုကြီးမားလွန်းတဲ့ အမှားကြီးလားဒါက။ ပြောစမ်းပါဦး ဦးလေး.. သိပ်များ မှားသွားသလား။"

"မမှားပါဘူး သခင်လေးရယ်၊ မမှားပါဘူး။"

သည်နောက်ပိုင်း စီးကရက်သောက်တာကို အတော်လေးလျော့ချလာသည့် သခင်လေးက စီးကရက်ကို သည်ရက်တွေမှ ဖိသောက်နေသည်။ စီးကရက်တစ်ဘူးတောင် ကုန်ဖို့ နှစ်လိပ်သာကျန်တော့သည်။

သည်ကိစ္စ အဲ့သလောက်တောင်ဖြစ်စေသလား။ မိမိအတွေး၏ပင် မဆုံးသေး သခင်လေးမှာ စီးကရက်ကို ထပ်ဖွာလျက် မေးခွန်းထပ်မေးပြန်သည်။

ပုံမှန်အားဖြင့် အစဉ်စူးရှလျက်ရှိနေတတ်သော မိမိသခင်လေး၏ မျက်ဝန်းအစုံမှာ ညှိုးငယ်မှိန်ဖျော့လျက် ရှိနေသည်။

"အမှန်တိုင်းဖြေပေးပါ ဦးလေး၊ ကျွန်တော် ထပ်ပြီး..ထပ်ပြီး..."

"မဟုတ်ပါဘူး သခင်လေးရယ်၊ သခင်လေးမမှားပါဘူး။ သည်တစ်ခေါက်ကိစ္စမှာ သခင်လေးက ပျော်နေသင့်တာပါ။
ကိုယ့်ကိုယ်ကိုယ်မှားတယ်လို့ တွေးနေရုံနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ပိုဆိုးရုံပဲရှိလိမ့်မယ်၊ သခင်လေး စိတ်ချပါ ဘာမှမဖြစ်ပါဘူး။"

သူစကားကို ဖြတ်ပြောလိုက်သည် သခင်လေးက မကြိုက်သော်ငြား၊ ယခုတွင်တော့ သူဝင်ပြောမှ တော်ကာကြပါမည်။
သူ့စကားအဆုံးတွင် သခင်လေးက လက်ကျန်စီးကရက်ကို ပြာခွက်ထဲသို့ ထည့်လျက် ငြိမ်းသတ်လိုက်တော့ပြီး ညှိုးငယ်လျသော မျက်ဝန်းအစုံသည် တစ်ဖက်ဆီသို့ အကြည့်ပို့‌လိုက်တော့သည်။
သူလည်း အလိုက်သိစွာနှင့်သာ ထိုအခန်းထဲမှ ပြန်ထွက်လာခဲ့တော့သည်။

...

မနက်အစောကြီး ဂျောင်ကုနိုးနေမိသည်။
အချိန်ကား မနက်၄နာရီ၊ သူ့အဖို့ စောလွန်းလှသည်။ သည်အချိန်၌ သွားလာ‌နေသူများရှိသည်ကို သူတိုက်ပေါ်ကွပ်ပျစ်မှ ထိုင်နေလျက်လှမ်းမြင်နေရသည်။

ညကတည်းက သူအထုတ်တွေပြင်ဆင်ပြီးသား။ မည်မည်ရရမရှိတဲ့ အင်္ကျီအဝတ်အစားအချို့နှင့် သူ့အမှတ်တရ ပစ္စည်းအချို့သာပါသည်။
ခရီးဆောင်အိတ်က ဟိုးဘိုးဘေးလက်ထက်ကတည်းက ဟာလေးရှိလို့တော်ကာကြမည်။
သူ့ဘာသာဆိုရင်တော့ ဝယ်ဖို့ စိတ်မကူးသည်မှာ သိသာလွန်းလှ၏။ သည်လို သွားရ၊ လာရမည်ဟု သူထင်မှမထားဘဲ။

အိမ်ကြီးရှင်«𝚃𝚊𝚎𝚔𝚘𝚘𝚔»[𝚘𝚗𝚐𝚘𝚒𝚗𝚐]Where stories live. Discover now