Chp - 4(Marriage Meeting 2)

467 42 2
                                    

Unicode:

ကြင်ယာဖက် တွေ့ဆုံခြင်း(၂)

မိနစ် (၂၀) ကြာပြီးနောက်

တစ်ယောက်ယောက် လှေကားကနေ ဆင်းလာသံကို သူမကြားလိုက်ရတယ်။ လှေကားဟာ တံခါးရဲ့ အပြင်ဘက်နားလေးမှာရှိတယ်။

သူမက သူနဲ့မျက်လုံးချင်းဆုံမိပြီး စိတ်မသက်မသာအခြေအနေမျိုးဖြစ်မည် စိုးတာကြောင့်ပြတင်းပေါက်ကိုဆက်ပြီးကြည့်နေလိုက်တယ်။ဒီလိုကြင်ယာဖက်တွေ့ရတာက
အားလုံးကောင်းဖို့ အတွက်ပါပဲလေ။

သူမ တံခါးဆုံလည်သံ၊
လျှပ်တိုက်လမ်းလျှောက်သံ 
နောက်ပြီး တံခါးပိတ်သံတို့ကို
ကြားလိုက်ရတယ်။ သူက
ထိုင်ခုံမှာထိုင်လိုက်တာကြောင့် စားပွဲခုံလှုပ်သွားတာကို သူမခံစားမိလိုက်တာတောင် သူ့ကို ကြည့်ဖို့တွန့်ဆုတ်မိနေတုံးပဲ။

ထို့နောက် တိတ်ဆိတ်သွားတယ်။

ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားနေရတာတောင်မှ သူ မသိသာစေရန် ဘာမှ မဖြစ်သလိုနေနေခဲ့တယ်။

သူမ သူ့ကို တစ်ချက်လှည့်ကြည့်လိုက်တဲ့အခါ သူ့ရဲ့အပြာရောင် မျက်လုံးတွေနဲ့ ပြန်ပြီး စူးစိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။

သူမ အံ့သြသွားပေမဲ့ ချက်ချင်းပဲ မျက်နှာထားကို ပြန်ထိန်းလိုက်တယ်။ သူမကို စိုက်ကြည့်နေခဲ့တဲ့သူကတော့ လုန်ကျဲ။

သူမ မှတ်မိတဲ့သူဟာ ငယ်ရွယ်တဲ့ အတိတ်တုံးကကောင်လေးလေ။
အခုလက်ရှိသူမရှေ့ကသူကတော့ အဲ့ဒီကောင်လေးရဲ့ အသက်ကြီးလာတဲ့ပုံစံ။နောက်ပြီး အခုလက်ရှိသူကတော့ သူမ မသိတဲ့ သူတစ်ယောက်။

သူ့ရဲ့ နီညိုရောင်ဆံပင်တွေဟာ
ဘေးဘက်ကိုဖွချထားပြီး မျက်တောင်ကျော်နေကာ စူးရှတဲ့ အပြာရောင်မျက်လုံးတွေ ပိုင်ဆိုင်ထားတယ်။အမဲရောင်အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားပြီး ဘယ်ဘက်နားသယ်မှာလဲ ငွေရောင် နားကွင်းအသေးလေးကို ဝတ်ဆင်ထားတယ်။

သူက သူမကိုအကဲခတ်နေသလိုပဲ သူမကလဲ သူ့ကို ​ပြန်အကဲခတ်နေတယ်။

သူ့ရဲ့ မျက်လုံးတွေနဲ့ ဆံပင်တွေကတော့ ရေခဲနဲ့မီးလို ဆန့်ကျင်ဘက်ပဲ။(T/N: ဆံပင်က အနီဖြစ်ပြီး မျက်လုံးက အပြာဖြစ်နေတာကိုး :3)။ သူက ချောလွန်းတယ်။အရမ်းကို ချောမော
ခန့်ညားလွန်းတယ်ဆိုတာသူမ ဝန်ခံတယ်။ သူက ဘယ်သူမဆို ဘယ်လိုအကြောင်းနဲ့မှ သူ့ကိုလာရှုပ်ခွင့်မပြုဘူးဆိုတာကို သူ့ရဲ့တည်ငြိမ်တဲ့ ၊အကြည့်တွေကနေ ပြောနေတယ်။

နွေညအတွက် သီချင်းတစ်ပုဒ်(Translation)Where stories live. Discover now