Chp - 11(Afternoon Sun)

252 28 0
                                    

Unicode:

နေ့ခင်း နေ

ပင်ပန်းလှတဲ့ ညနေခင်းကုန်လွန်ပြီးချိန်မှာတော့ စုန့်လုလီက သူမရဲ့အခန်းကို 
သူမရဲ့အိမ်လိုမျိုးခံစားရစေဖို့ 
စိတ်ကြိုက် အခန်းကို ပြင်ဆင်နေလိုက်သည်။

လုန်ကျဲက သူမရဲ့ နောက်ဆုံးပစ္စည်းပုံးကို ကူဖြည်ပြီးတဲ့နောက်မှာ ပျောက်သွားခဲ့သည်။
သူမ တွေးမိလိုက်တာက သူရဲ့အကျင့်တွေထဲက သူ့ကို မလိုအပ်တော့တဲ့အချိန်မှာ ကြာကြာမနေဘူးဆိုတဲ့ အချက်ကို  အသားကျအောင် လုပ်ရအုံးမယ်ဆိုတာ။

စုန့်လုလီက သက်ပြင်းချလိုက်သည်။ သူက သူမရဲ့privacy ကို စောင့်ထိန်းပေးတဲ့အတွက်တော့ သူမကျေနပ်မိသည်။ ဒါပေမဲ့လဲ ဘယ်အချိန်ထိ သူတို့က ဒီလိုနေသွားနိုင်မှာတဲ့လဲ။

သူမရဲ့အတွေးတွေကို ဖယ်ထုတ်လိုက်ပြီး မီးဖိုချောင်ထဲသို့ သွားလိုက်ကာ စားဖို့တစ်ခုခုရှာလိုက်သည်။ ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်တဲ့အခါ ဟင်းသီးဟင်းရွက်တွေ ထည့်ထားတာကိုတွေ့သွားသည်။ ထို့ကြောင့် သူမ မုန့်တွေကိုရှာဖို့ ကြောင်အိမ်ကို ဖွင့်လိုက်တဲ့အခါ တစ်စုံတစ်ခုက သူမအတွေးထဲဝင်လာသည်။ သူမအနေနဲ့ ဒီလိုစားစရာတွေ ယူခွင့်ရော ရှိရဲ့လား။လုန်ကျဲလဲ ဒီလိုမုန့်တွေ ကြိုက်တတ်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

ထို့နောက် သူမ အခန်းပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ သို့သော် တိတ်ဆိတ်ပြီး ဘယ်သူမှ ရှိမနေပေ။ အဲ့ဒီအချိန်မှာ သူမ note တစ်ခုကို တွေ့သွားသည်။ "မင်းကြိုက်တာ စားလို့ရတယ် - လုန်ကျဲ" ,လို့ note ထဲတွင်ရေးထားသည်။ စုန့်လုလီက သက်ပြင်းချလိုက်ကာ မုန့်ထုတ်ကိုယူလိုက်ပြီး မုန့်တွေကိုဝါးစားလိုက်သည်။

ညအိပ်ဝတ် ဘောင်းဘီတိုနဲ့ sweater ကို ဝတ်ဆင်ပြီးနောက် စုန့်လုလီက အလုပ်အချို့ကိုပြီးအောင်လုပ်ဖို့အတွက် 
စာကြည့်တိုက်သို့ သွားလိုက်သည်။ သူမအနေနဲ့ တစ်ယောက်ထဲနေရတာ ကြိုက်တာလား မကြိုက်တာလား ဆိုတာ မပြောတတ်ပေ။ ပြောရမယ်ဆိုရင်
သူမအနေနဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ သိုက်သိုက်ဝန်းဝန်း၊ ဆူဆူညံညံ
ကြီးပြင်းလာခဲ့ရတာကြောင့် ဆောင်ကြဥ်းပေးခံရသလို ခံစားရသည်။ ဒါပေမဲ့ အခုတော့ သူမအနေနဲ့ အထီးကျန်တယ်လို့ ခံစားနေရသည်။

နွေညအတွက် သီချင်းတစ်ပုဒ်(Translation)Where stories live. Discover now