Chp - 20(Long Group)

244 31 0
                                    

Unicode:

လုန် Group

အာရုဏ်တက်ရဲ့သံစုံတေးသံများဟာ သူမကို နိုးထစေခဲ့သည်။

စုရှန်းက မျက်လုံးဖွင့်လိုက်ကာ စားပွဲပေါ်ကနေ ခေါင်းထလိုက်သည်။ သူမရဲ့လက်တွေကနေ နူးညံ့၊ချောမွေ့မှုတစ်ခုကို ခံစားလိုက်ရပြီး စုချန်ရဲ့လက်နဲ့ သူမရဲ့လက်က
ယှက်တွယ်ထားမှန်း သဘောပေါက်သွားသည်။ 

သူမရဲ့မျက်လုံးကိုတောင် မယုံနိုင်ဖြစ်သွားသည်။

သူကတော့ အိပ်နေဆဲပဲ။ နွေးထွေးတဲ့ရာသီဥတုနဲ့ သူတို့ရဲ့ဝတ်ထားတဲ့ အကျီအထပ်တွေကြောင့် သူ့ရဲ့မျက်နှာက အနည်းငယ် ရဲနေသည်။ ကြုံရာနေရာမှာ အိပ်လိုက်တာမျိုးက သူတို့နှစ်ယောက်အတွက် အထူးအဆန်းတော့ မဟုတ်ပေ။

ကျောင်းတက်ခဲ့စဉ်က သူတို့နှစ်ယောက်က ကန်တင်း၊ နားနေခန်း၊ အခန်းတွင်းက ခွဲကန့်ထားတဲ့ အခန်းငယ် ဒါမှမဟုတ် sleeping pod တွေမှာ နိုးလာတတ်သည်။ တစ်ခါတစ်လေကျရင်တော့ စုချန်က ကြမ်းပြင်ပေါ်မှာ ရောက်နေတတ်ပြီး သူမကေတာ့ ထိုင်ခုံစားပွဲပေါ်မှာ မတ်မတ်ကြီး အိပ်နေတတ်သည်။

စုရှန်းက သူမရဲ့လက်တွေကို တဖြည်းဖြည်း နောက်ဆုတ်လိုက်ပေမဲ့ ဆုပ််ကိုင်ထားတဲ့သူဟာ သူမဖြစ်နေခဲ့တာကြောင့် မျက်နှာနီရဲလာကာ ရှက်သွေးဖြာသွားသည်။

အိပ်ပျော်နေတဲ့အချိန်တုံးက သူမက ဘာလို့ သူ့လက်ကို ဆုပ်ကိုင်မိပါလိမ့်။

စုရှန်းက အဲ့ဒါကို တွေးမနေတော့ဘဲ ဘာမှမဟုတ်သကဲ့သို့  ထားလိုက်သည်။ သူမ မတ်တပ်ရပ်ကာ ခန္ဓာကိုယ်ကို အကြောဆန့်လိုက်သည်။ ထို့နောက် စုချန် နိုးလာတာကို ကြားလိုက်ရသည်။ သူကိုကြည့်ရတာ အိပ်ပျော်သွားမှန်းမသိ အိပ်ပျော်သွားတာကို လန့်သွားတဲ့ပုံပဲ။

သူက အခန်းပတ်လည်ကို ငေးကြည့်လိုက်ကာ သူ့ရဲ့နာရီကို စစ်ကြည့်လိုက်သည်။
"ငါအလုပ်သွားစရာရှိသေးတာပဲ!", သူက ချက်ချင်းထလိုက်ကာ အခန်းထဲကနေ ပြာပြာသလဲ ထွက်သွားသည်။

စုရှန်း သက်ပြင်းချလိုက်မိသည်။ သူမကတော့ နားရက်ရပေမဲ့ စုခ်န္က အမြဲတမ်း အလုပ်လုပ်နေရသည်။ ထို့နောက် သူမ မျက်နှာသွားသစ်လိုက်ပြီး မနက်စာ စားလိုက်သည်။ စုချန် လှေကားကနေ မြန်မြန်ဆန်ဆန်ဆင်းလာတာကို သူမ မီးဖိုချောင်ကနေ ကြည့်နေ၏။ သူထွက်သွားတော့မယ့်အချိန်မှာ သူမက သူ့ဆီသွားပြီး ဆွဲထားလိုက်သည်။

နွေညအတွက် သီချင်းတစ်ပုဒ်(Translation)Where stories live. Discover now