49

13.2K 2.1K 128
                                    

{Unicode}

"သက်သေအထောက်
အထားများနှင့်ရိုက်ချခြင်း"

ဝမ်ယန်သည် သီချင်းဆိုနေစဥ်အတွင်း တစ်စုံတစ်ယောက်ထံမှ မှင်ရည်များဖြင့် ပက်ဖြန်းခြင်း ခံလိုက်ရသည်။

ရိုးအ,ဟန်ဆောင်ထားသော မျက်နှာထက်၌ မည်းနက်နက် မှင်ရည်များ စွန်းထင်းကုန်သည်မှာ အလွန်တရာ ရှက်ဖွယ်ကောင်းလှပေ၏။

ရုတ်ခြည်းဆန်သော အဖြစ်အပျက်ကြောင့် ခန်းမထဲတွင် ကမောက်ကမ ဖြစ်ကုန်တော့သည်။

ဝမ်ယန်၏ မန်နေဂျာဖြစ်သူသည် ကမန်းကတန်းနှင့် လက်ရှိအချိန်ထိ ထိတ်လန့် ချောက်ချားနေသေးသော ဝမ်ယန်အား စောင်တစ်ထည်နှင့် ပတ်လိုက်ပြီး စင်နောက်သို့ အလျင်စလို ဆွဲခေါ်သွားသည်။

ထိုအခင်းနေရာ၌ ဝမ်ယန်အား မှင်ရည်ဖြင့် ပတ်ဖြန်းခံလိုက်ရသော ဗီဒီယိုသည် အင်တာနက်ပေါ်တွင် တစ်ဟုန်ထိုး ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အင်တာနက်ပေါ်၌ ပေါက်ကွဲသံစဥ်တို့ စည်းကား အသက်ဝင်လာသည်။ လေထု အနေအထားမှာ တရုတ်နှစ်သစ်ကူး ဖြတ်သန်းနေကြသည့် အတိုင်းပင်။

ဖြတ်သွားဖြတ်လာများကတော့ ဖရဲသီးစားရင်း ကြည့်နေကြသော်လည်း ဝမ်ယန်၏ ပရိသတ်များမှာတော့ မိမိတို့၏ အပြစ်ကင်းစင်သော ပေါင်ပေ့လေးက ယခုကဲ့သို့ အနိုင်ကျင့်ခံလိုက်ရသည်ကို တွေ့သောအခါ မွေးဖခင် တစ်ယောက်လို စိတ်တိုဒေါသဖြစ်သွားပြီး မိမိလက်နှင့်ပင် ထိုမင်ရည်နှင့် ပက်ဖြန်းလိုက်သူအား သတ်ပစ်ချင်လာကာ လူဆိုးကောင်ကို မညှာမတာ ရက်ရက်စက်စက် အပြစ်ပေးပါရန် အော်ဟစ်ငိုယိုပြီး တောင်းဆိုနေကြသည်။

(ဖြတ်သွားဖြတ်လာဆိုတာ ပွဲမြင်ရင် ဖျာလာခင်းတဲ့သူကို ပြောတာ၊ ဖရဲသီးစားတာကျ ပေါက်ပေါက်ဆုပ် စားသလိုပေါ့)

ညစာပါတီ၏ လုံခြုံရေး တာဝန်ခံသည် မှင်ရည်ဖြင့် ပက်ဖြန်းခဲ့သည့်သူကို ဖမ်းဆီးရရှိထားပြီး ယခုအခါ စစ်ဆေးနေပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက် ထုတ်ပြန်ပြီး လောလောလတ်လတ် အချိန်မှာပဲ ဝမ်ယန်က ဗီဒီယိုတစ်ပုဒ် တင်လာသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now