41. Another Randomness

781 60 5
                                    



ဂျန်းနီ, အခန်းထဲမှ ထွက်လာခဲ့သည်။ ဂျီဆူး ကတော့ အထဲမှာ အလုပ် လုပ်နေတယ်။ ဂျီဆူး, အိမ်ကနေ အလုပ်လုပ်နေတာ နှစ်ပတ်လောက်ရှိလာပြီ ဖြစ်သလို ဂျန်းနီ ရဲ့ အခြေအနေလည်း တော်တော်လေး တိုးတက်ကောင်းမွန်လာပြီ ဖြစ်တယ်။

Arin လမ်းလျှောက်သာကို အိုင်းရင်း က တွဲကူထားပြီး နှစ်ယောက်သား ကလေးကစားခန်းဖက် သွားနေတာကြောင့် ဂျန် လည်း ထိုသားအမိ နှစ်ယောက် အနောက်ကနေ လိုက်သွားလိုက်တယ်။

" hi Irene! Hi Sweetie!"

ကလေး ရဲ့ရှေ့မှာ ဝင်ထိုင်ပြီး နှုတ်ဆက်လိုက်တယ်။

"mama.."

Arin က လက်ခုပ်တီးပြီး သူ့ ကို ခေါ်နေတာကြောင့်

" တော်လိုက်တာကွာ... ဟုတ်တယ်.. မာမား ဂျန်းနီ လို့ခေါ်နော်...."

အိုင်းရင်း က ကလေးကို အရုပ်ပေးလိုက်ရင်း

" နင့် ရဲ့ လူချောလေး ဂျီဆူးပေါက်စ သုံးယောက် ရော"

" အိပ်နေကြတယ်။ ... တော်သေးတယ် ကလေးတွေက အအိပ်မက်ကြလို့"

အိုင်းရင်း က သူမ ကို မျက်စောင်းထိုးလာပြီး

" သူတို့အမေ ဆီက အမွေရထားတာလေ...ဒါနဲ့ ငါကြားတာ... ဂျီဆူး က အိမ်ပြောင်းဖို့ လုပ်နေတယ်ဆို... ဘယ်တော့ ပြောင်းကြမှာလဲ"

" အွန်.... သူ့အမေ ငါတို့ကို အိမ် တစ်လုံးလက်ဆောင်ပေးထားတာလေ။ သူတို့အိမ် နားမှာ... ဘယ်တော့ ပြောင်းမလဲတော့ မသိသေးဘူး..... ကလေးတွေရဲ့ တစ်နှစ်ပြည့်မွေးနေ့ပြီးမှ ပြောင်းဖြစ်မယ် ထင်တယ်။ အိမ်က တယ်ကို အကြီးကြီးပဲ.... နင်တို့လည်း တူတူ လိုက်ပြောင်းနေကြလေ"

" တကယ်တော့ ငါတို့လည်း နင်တို့နားလေးက အိမ် ဝယ်ဖို့ တွေးနေတာ....အော်..စကားမဆက်.. နင် ဘယ်တော့ အလုပ် စဆင်းမလဲ?"

" အိမ်ပြောင်းပြီးမှ စလုပ်မယ်လို့တော့ စဥ◌်းစားထားတယ်။ တကယ်တော့ ငါ ရော အလုပ်အရမ်း ပြန်လုပ်ချင်နေတာ..သိတယ်မလား ခန္ဓာကိုယ်က တောင့်တနေပြီလေ"

ဂျန်, မတ်တပ်ထရပ် လိုက်ပြီး

" ကလေးတွေကို သွားကြည့်လိုက်အုံးမယ်"

Falling For A Star ( Myanmar Translations)Where stories live. Discover now