50. Ella's Back with the Kim's

1.4K 62 13
                                    



ဂျီဆူး၏ ကားမှာ Bae mansion သို့သွားသည့်လမ်းပေါ်တွင် တရိပ်ရိပ်ပြေးနေသည်။ ယနေ့မှာ အယ်လာအား သွားခေါ်ယူရမည့် နေ့ဖြစ်သည်။ အယ်လာလေးနဲ့ ပြန်တွေ့ရတော့မှာမို့ ပျော်လွန်းလို့ အပျော်များကိုတောင် မဖုံးမဖိထားနိုင်တော့ပေ။ ဂျန်းနီ၏ ဖုန်းသံမြည်လာလို့ လှမ်းကြည့်လိုက်တော့ ခေါ်ဆိုသူမှာ သူ၏ ဇနီးချောလေးပင် ဖြစ်သည်။ သူပြောထားတဲ့အတိုင်း ဂျန်းနီနဲ့ သူ, ဖုနး်လှဲကိုင်ထားကြသည်။ 

"ဘေဘီ"

"အယ်လာလေးနဲ့ ရှိနေတာလား ကိုကို"

"မဟုတ်ဘူး။ ကိုယ် ရောက်တောင်မရောက်သေးဘူး။ ဒါပေမယ့် ရောက်တော့ ရောက်ခါနီးနေပါပြီ။ ကိုယ်, ပြန်လာခါနီး ဖုန်းပြန်ခေါ်လိုက်မယ်လေ..နော်"

ဖုန်းပြောနေရင်း တစ်ဖက်လိုင်းမှ ဆူညံစွာ ထွက်ပေါ်နေသည့် သူ့သားတွေရဲ့ အသံကြောင့် ရယ်လိုက်မိသည်။ တစ်ယောက်ယောက်က အော်နေတာ။ အသံကြားတာနဲ့ သူ့သား အကြီးဆုံးလေးမှန်း သူ, အတပ်သိသည်။ သူတို့သားကြီးက သူ့အမေလိုပဲ အသံစူးစူးလေးနဲ့ အော်ရတာ ကြိုက်တယ်နေမှာ။ 

"ဘေဘီ...ကြည့်ရတာ  ဒယ်ဟန်က သူ့ညီတွေကို အော်နေတယ် နေမှာ"

"ခိခိ..မဟုတ်ပါဘူး Chu ရဲ့။ စားပွဲပေါ်မှာ တင်ထားတဲ့ သူ့အရုပ်လိုချင်လို့ အော်နေတာ..။ ဟုတ်ပြီလေ ဒါဆိုလည်း။ ခနနေမှ ပြန်ခေါ်လာလိုက်လေ"

"အွန်,,ဘေဘီ"

"အိမ်ကို ဂရုစိုက်ပြီးပြန်လာနော်။ ချစ်တယ်  ဘေဘီ့ရဲ့ အမျိုးသားလေး"

တစ်ဖက်လိုင်းမှ ပြွတ်ဆိုတဲ့ အသံကြောင့် သူ့မှာ မပြုံးပဲ မနေနိုင်။ ဂျန်းနီ မှာ သူ့သားတွေလိုပဲ တဖြည်းဖြည်း အရမ်းချစ်ဖို့ကောင်းလာသည်။ 

"ကိုယ်လည်း ချစ်တယ်နော် Jendeukie> bye bye"

ဖုန်းကို သူ့ဖက်က စမချပဲ ဂျန်းနီ ချသွားသည်အထိ ကိုင်ထားလိုက်သည်။ 

ကားကို ဘယ်ဖက်လမ်းသို့ ချိုးဝင်လိုက်ပြီး ခြံရှေ့မှာပဲ ရပ်ထားလိုက်သည်။ မှောင်လာပြီဆိုတော့ အရမ်းကြာကြာလည်း နေနေလို့ မရတော့ဘူးလေ။ ပြီးတော့ အိမ်ကိုလည်း စောစောပြန်ဖို့လိုတယ်.။ 

Falling For A Star ( Myanmar Translations)Where stories live. Discover now