51

14.4K 2.2K 104
                                    

{Unicode}

"ရန်ရန်ထွက်ပြေး"

အခန်းအတွင်း ဝမ်ယန်၏ ဆွဲဆွဲငင်ငင် ငိုကြွေးသံမှာ ကျယ်လောင်လို့လာသည်။

သူ ကြမ်းပြင်ထက် အကြမ်းပတမ်း ဖိနှိပ်ခံရသည့် အကြိမ်တိုင်း၊ ဦးခေါင်းနှင့် အေးစက်စက် ကြွေထည်ကြမ်းခင်းတို့ မိတ်ဆက်သွားချိန်၊ ဘုန်းခနဲ မြည်သော ဆူညံသံတို့ ထွက်ပေါ်လာ၏။

မျက်နှာတစ်လျှောက် သွေးစက်များ စီးကျလာသည့်တိုင် သူ့ခမျာ ဆံပင်ကို ဆောင့်ဆွဲခံနေရပြီး အချက်နှစ်ဆယ်ကျော် ပစ်ပေါက်ခံနေရစမြဲပင်။

နောက်ဆုံးအကြိမ် ကြမ်းပြင်ပေါ်မှ ဆွဲမ,ခံလိုက်ရချိန်တွင် သူ၏ဦးခေါင်း တစ်ခုလုံးက မူးဝေနေပြီး ရွံ့စေးကဲ့သို့ ပျော့ပြောင်းနေလျက် မြေပြင်ပေါ် ပြန်ပြုတ်ကျသွားကာ အသက်ကို အလုအယက် ရှူနေရသည်။

သက်တော်စောင့်သည် နားကြပ်ကို ဖိကိုင်လိုက်ပြီး လေသံတိုးတိုးနှင့် စကားလေးငါးခွန်း ပြောလိုက်ကာ သူ၏ လုပ်ဖော်ကိုင်ဖက်များအား လက်ယပ်ခေါ်လိုက်သည်။

လူအနည်းငယ်သည် ဝမ်ယန်၏ ​ခြေထောက်ကို ဆွဲကိုင်ကာ အပြင်သို့ ခေါ်ထုတ်လာကြသည်။

အခြားသော အခန်းတစ်ခုတွင် ယဲ့ထင်သည် ရန်ကျားလိ၏ လက်ကို ကိုင်ထားပြီး နူးညံ့သော လေသံနှင့် အမေးစကားဆိုသည်။

"စိတ်ထဲမှာ နည်းနည်း နေလို့ကောင်းသွားပြီလား"

ရန်ကျားလိ၏ အကြည့်များမှာ ရှုပ်ထွေးနေပြီး သူ့တစ်ကိုယ်လုံး အေးစက်နေသည်ဟုသာ ခံစားနေရသည်။

ထိုနေ့က စင်နောက်တွင် ဝမ်ယန်ကြောင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရပြီး သူ တန်ဖိုးအထားရဆုံး မိခင်အား ဝမ်ယန်က ရယ်စရာ ပြက်လုံးသဖွယ် ဟားတိုက်ရယ်မောခဲ့သည်။ ထို့အပြင် ဝမ်ယန်၏ ဟန်ဆောင်ကာ မူပိုသော လုပ်ကြံပြဇာတ်ကြောင့် လူထု၏ ရေဂယက်ကဲ့သို့ တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရသည်ကိုလည်း သူမှတ်မိပါသည်။

ဝမ်ယန်မှာ ဤကဲ့သို့ အနှိပ်စက်ခံရ၍ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသောအခါ သူသည်လည်း စိတ်နှလုံးထဲမှပင် လှိုက်လှိုက်လှဲလှဲ ကျေနပ် ပျော်ရွှင်မိပါသည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now