[95]

1.2K 217 2
                                    

[Unicode]

အခန်း(၉၅):ဓါးစာခံ နှင့် ထူးဆန်းသော ကယ်တင်ခြင်းဖြင့် ကယ်တင်ခံရခြင်း


"မင်းကို XiLa ဟိုတယ်ကို ခေါ်သွားပေးရမလား?" ဟန်ဝေက ကားမောင်းရင်း မေးလိုက်သည်။

“ရပါတယ်။ အဲ့ကို မသွား​တော့ဘူး” ထန်​ရှောင်းယွီသည် ထိုဟိုတယ်တွင် အများအားဖြင့် နာမည်ကြီးများ တည်းခို​​လေ့ရှိသောကြောင့် ကမ်းလှမ်းချက်ကို အမြန်ငြင်းဆိုခဲ့သည်။

တစ်စုံတစ်ယောက်က ငါအဲဒီကိုသွားမှန်း သိသွားပြီး ချိုးကျီယန်ကိုပြောလိုက်ရင် ငါသေလိမ့်မယ်!

"ဘာလို့ ငါ့ နေရာမှာ လာမနေရတာလဲ?" လော့လီက ခေါင်းလှည့်ပြီး ထန်​ရှောင်းယွီကို မေးလိုက်သည်။

ဖာ့ခ်!ဆုနိုက ရှေ့မှာ မတ်မတ်ထိုင်လိုက်ပြီး လော့လီကို မျက်လုံးတွေနဲ့ စိုက်ကြည့်နေတော့ ထန်​ရှောင်းယွီမှာ ပါးစပ်ဖွင့်ဖို့ အချိန်တောင်မှ မရလိုက်ပေ။

ခင်ဗျားက ကျွန်တော့်ကို မျက်စိကျ​နေရုံတင်မကဘူး။ ကျွန်တော့်သူငယ်ချင်းကိုပါ လှည့်စားမလို့​ပေါ့​​လေ။ခင်ဗျား ဘယ်လောက်တောင် သတ္တိရှိနေတာလဲ!ဒီလူက တကယ်ကို ပြဿနာကောင်ပဲ!

“.......”

လော့လီသည် ဒီအချိန်မှာ​​တော့ စိတ်ရင်းမှန်ဖြင့် ငိုရမလား ရယ်ရမလား မသိတော့​ပေ။ထန်​ရှောင်းယွီကို သူ့အိမ်မှာ တစ်ညလောက်နေခိုင်းဖို့ စိတ်ကူးထားတာကလည်း သူက ကစားပွဲအတွက် များစွာကူညီခဲ့တာမို့​လေ။

"ကျွန်တော် ကြုံရာဟိုတယ်မှာပဲနေလိုက်ပါ့မယ်" ထန်​ရှောင်းယွီသည် လော့လီ၏အိမ်သို့လည်း မသွားချင်တာမို့ လမ်းဘေးရှိ ဟိုတယ်တစ်ခုကိုတွေ့တော့ ဟန်​ဝေအား ကားရပ်ရန် ပြောခဲ့သည်။

“ဒါဆို သတိထား” ဆုနို သူ့ကို သတိပေးလိုက်သည်။ "တစ်ခုခုဖြစ်ရင် ငါ့ကိုဖုန်းဆက်လိုက်နော်။မနက်​ဖြန်​ကျရင်လည်း ​စော​စော အိမ်​ပြန်​"

ထန်​ရှောင်းယွီသည် ခေါင်းညိတ်လိုက်ပြီး သူ့အိတ်ကို လော်ဘီထဲသို့ ဆွဲလာခဲ့သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now