[96]

1.3K 226 8
                                    

[Unicode]

အခန်း(၉၆):တကယ် ဒေါသထွက်နေတယ်နှင့် ထွက်​ပေါ်လာသည့် အကြံတစ်ခု

အထပ်မြင့်ကွန်ဒိုတစ်ခုတွင် ထန်​ရှောင်းယွီသည် မိုင်ခယ့်ရဲ့လက်ထဲက ဆေးကိုယူပြီး သောက်ချလိုက်သည်။သူ အချိန်ကို လှမ်းကြည့်လိုက်ပြန်သည်။

"ဝမ်းကွဲအကိုက အခုပဲ ဖုန်းဆက်တယ်။ မြန်မြန်ပြန်လာခဲ့မယ်လို့ ပြောတယ်” မိုင်ခယ့်က သူ့ကို နှစ်သိမ့်ပေးရင်း “ဒီကိစ္စက ဒီလောက် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့တာကြောင့် ထုံးစံအတိုင်း ညလုံးပေါက် သတင်းထောက်တွေက သူ့ကို အင်တာဗျူးတာတွေ ရှိမှာပဲ။မင်းအရမ်းစိတ်မပူနဲ့"

"ဒီလောက် ရုန်းရင်းဆန်ခတ်ဖြစ်ရတာ သူ့အတွက် မကောင်းဘူးမလား?" ထန်​ရှောင်းယွီသည် အလွန်စိုးရိမ်မိသွားသည်။

“မဟုတ်ဘူး။ အဲဒါအတွက် ဆင်ခြေတွေ အများကြီးရှိပါတယ်။” မိုင်ခယ့်က သူ့အတွက် ခေါင်းအုံးလေးချ ပေးလိုက်ပြီး “ခဏနားလိုက်ဦး။မီဒီယာနဲ့ ညှိနှုန်းဖို့ ဖုန်း ကိုင်လိုက်ဦးမယ်”

ထန်​ရှောင်းယွီသည် ခေါင်းညိတ်ပြလျက် အိပ်ခန်းထဲကနေ မိုင်ခယ့်ထွက်သွားတာကိုကြည့်နေလိုက်သည်။

သူ့ခါးက ဓားဒဏ်ရာက နာနေသေးပေမယ့် အဲဒီအချိန်တုန်းက ဒီအ​ကြောင်း​တွေကို သိပ်ပြီး မစဉ်းစားမိပေ။

ဒီတစ်​ခါ​က သူ... ​သေတောင်သေသွားလိမ့်​မယ်​။

ထန်​ရှောင်းယွီသည် စိတ်ဓာတ်ကျသွားပြီး ခေါင်းကို စောင်ထဲမှာ နှစ်မြှုပ်လိုက်သည်။

“ဟုတ်တာ​ပေါ့!ဟုတ်တာ​ပေါ့!သေချာတာ​ပေါ့ဗျာ!ကျွန်တော်တို့က လူစုလူ​ဝေးနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ကို မြှင့်တင်ပေးဖို့ ကြိုးစားနေတာပါ” မိုင်ခယ့်သည် ဧည့်ခန်းထဲကနေ ဖုန်းကို ပြန်​ဖြေ​​ပေး​နေသည်။ “အခုလောလောဆယ်မှာတော့ ကျန်းမာရေးအဖွဲ့ခွဲတွေက ကော်လံဖြူ အလုပ်သမားတွေက​နေ ကျောင်းသားတွေဆီ ဖြန့်ပေးပါတယ်။နေ​ရောင်ခြည်လို​တောက်ပပြီး ကျန်းမာသန်စွမ်းတဲ့ Idol တစ်ယောက်အ​နေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့ လေ့ကျင့်ခန်းတွေကို ခံစားခွင့်ပြုဖို့ တာဝန်ရှိပါတယ်... အဖိုးအခ?မင်းအရမ်းအတွေးလွန်နေပြီ။ ဒီကနေ စီးပွားရေးအတွက် တစ်စုံတစ်ရာမှအမြတ်မရရှိခဲ့ဘူးလို့ ကျွန်တော်တို့အာမခံပါတယ်။ဒါက အားကစားထုတ်ကုန်အတွက် ကြော်ငြာတစ်ခုမဟုတ်ပါဘူးဗျာ။”

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now