[97]

3.2K 309 28
                                    

[Unicode]

အခန်း(၉၇):လက်​တွေတွဲထားကြမယ် နှင့် Happily Ever After


"အကိုဆုနို​ ကျွန်တော့်ကို ပေးနိုင်မယ့်တခြားနည်းလမ်းတွေ ရှိလား?" ထန်​ရှောင်းယွီသည် ထိုကဲ့သို့သော အဝတ်အစားမျိုးကို ၀တ်ပြီး ဖြားယောင်းသွေးဆောင်ဖို့ရာ မဖြစ်နိုင်ပေ... ရှက်စရာကောင်းလွန်းတယ်!

"ဒါဆို မင်းတို့တွေလမ်းခွဲကြမလား?" ဆုနိုက အရှုံးမပေးချင်သေးပေ။

"မခွဲဘူး!" ထန်​ရှောင်းယွီသည် ထိုအကြံအစည်ကို မဆိုင်းမတွ ချက်ချင်းငြင်းဆိုလိုက်သည်။

ဒီလိုအကြံမျိုးကို သူ ဘယ်လိုတောင်ပေးနိုင်ရတာလဲ!

ဆု​ရှောင်းနိုတစ်​ယောက် သက်ပြင်းရှည်ကြီးချလိုက်သည်။

ဒီကြွက်သားကောင်နဲ့ ပတ်သက်ပြီး ဘာတွေကများ အရမ်းကောင်းနေရတာမို့လို့လဲ?
သူ တကယ်နားမလည်နိုင်တော့ဘူး။

နာရီဝက်ကျော် ဖုန်းပြောနေသော်လည်း ထန်​ရှောင်းယွီသည် အသုံးဝင်သည့် အကြံဉာဏ်များပင် မရရှိခဲ့သည်မှာ အသိသာကြီးပင်။အဲဒီအစား သူကြားခဲ့သမျှတွေက "ချိုးကျီယန်က လိင်တူချစ်သူမဟုတ်တာ သေချာလား?" "သူဟာ ပန်းရောင်ဇာပေါက်တွေကို ကြိုက်တာဖြစ်နိုင်မလား?" "မင်းလမ်းမခွဲနိုင်လွန်း​လောက်​အောင် မင်းမှာ အကောင်းမြင်စိတ်များရှိ​နေတာလား?" ဟူသည့် အဓိပ္ပါယ်မရှိ စကား​တွေသာဖြစ်သည်။ထိုမျှသာမက သူ့ရဲ့ မိသားစုနောက်ခံ၊ သွေးအမျိုးအစား၊အရပ်နှင့် ခြေ​ထောက်​ထက်က အမွေးအမြှင်တွေ၏အတိုင်းအတာ တစ်ခုလုံးကိုပင် မမျှော်လင့်ဘဲ သိခဲ့ရသည်။

သူတို့ နောက်ဆုံးဖုန်းချဖို့ကို အချိန်အတော်ကြာ အချိန်ယူလိုက်ရပြီး ထန်​ရှောင်းယွီသည် သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရသည်။

ထန်ရှောင်းယွီသည် သူ့ရဲ့ဝဘ်ဘရောက်ဆာကို ဖွင့်လိုက်သည်နှင့် အဖွဲ့လိုက်လေ့ကျင့်ခန်းတစ်ခုတွင် ဦးဆောင်နေသည့်ချိုးကျီယန်၏ သတင်းသည် ဖျော်ဖြေရေးကဏ္ဍ၏ရှေ့မျက်နှာစာတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။မှတ်ချက်တွေကို ဦးနှောက်သေနေသည့်ပရိသတ်များက သိမ်းပိုက်ထားပြီးဖြစ်သော်လည်း အပြုသဘောဆောင်သည့် မှတ်ချက်တို့သည်လည်း မှတ်ချက်ကဏ္ဍကို လွှမ်းမိုးထားနေဆဲ။ရံဖန်ရံခါတွင် "အ​ပေါ်ယံ​​လောက်လေးနဲ့ဘဝင်​​ခေါင်ခိုက်ကြွားဝါသူပဲ" နှင့် အလားတူဝေဖန်မှတ်ချက်အချို့ရှိခဲ့သော်လည်း ၎င်းတို့သည် လျင်မြန်စွာ နစ်မြှပ်သွားခဲ့သည်။အားလုံးကို ခြုံငုံကြည့်ရင်တော့ ဆိုးကျိုးသိပ်မရှိပေ။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now