54

13.3K 2K 94
                                    

{Unicode}

"ထူးဆန်းည် လူငယ်လေး"

ရန်ကျားလိမှာ မွန်းကြပ်လာပြီး လည်ချောင်းထဲတွင်လည်း ဆို့နင်သလို ဖြစ်နေသည်။

အတန်ကြာကာမှ မျက်လုံးများကို မှိတ်ချလိုက်ပြီး သိပ်သည်းလာသော နာကြည်းမုန်းတီးမှုနှင့် ပြိုပျက်နေသော စိတ်ခံစားချက်တို့ကြောင့် တုန်ယင်နေသော လေသံနှင့်

"မင်းရော ငါ့ကိုလွှတ်ပေးလိုက်လို့ မရဘူးလား"

ယဲ့ထင်သည် ပြန်မဖြေဘဲ တိတ်တိတ်ဆိတ်ဆိတ်နှင့် ဘီရိုထဲမှ ဆေးသေတ္တာဘူး၊ အရက်ပျံနှင့် အနာကပ် ပလာစတာများကို ထုတ်ယူလိုက်သည်။ ရန်ကျားလိ လှေကားပေါ်က ပြုတ်ကျရာမှ ထင်ကျန်ခဲ့သော အနီရင့်ရင့် ဒဏ်ရာ အနာတရများကို နှေးဆေး ညင်သာစွာနှင့် ဖွဖွကလေး ကိုင်တွယ်ပေးနေသည်။

အေးစက်စက် အရက်ပျံအား နီရဲပြီး အက်ကွဲနေသည့် အရေပြားပေါ်တွင် သုတ်လိမ်းလိုက်သောအခါ ရန်ကျားလိသည် အာရုံကြောများ လှုံ့ဆော်ခံလိုက်ရသည့်နှယ် ကတုန်ကယင် ဖြစ်သွားလေ၏။

ယဲ့ထင်သည် တစ်မုဟုတ်ချင်း စိုးရိမ်သွားပြီး သူ၏ခြေထောက်အား မိမိ၏ ခြေထောက်အပေါ် တင်လိုက်ကာ ဂရုတစိုက်နှင့် လေမှုတ်ပေးပြီး ဆေးဆက်လိမ်းပေးနေသည်။

ဆေးလိမ်းပြီးသောအခါ ရန်ကျားလိသည် မျက်လွှာပင့်လာပြီး ခြောက်ကပ်ကပ်နှင့် မေးလေသည်။

"...မင်း ငါ့ကို ဘယ်အချိန်ထိ ပိတ်ထားချင်နေတာလဲ"

ယဲ့ထင်သည် လိမ်းဆေးနှင့် ဆေးရည်များကို ဆေးသေတ္တာထဲ ပြန်ထည့်နေသည်။

သူသည် ရန်ကျားလိကို ပွေ့ဖက်လိုက်ပြီး နှုတ်ခမ်းများကို ပွတ်သပ်ကာ

"ကိုယ်မင်းကို မပိတ်လှောင်ထားရပါဘူး"

"မင်း ဘယ်သွားချင်လဲ၊ ကိုယ့်ကိုသာ ပြောလိုက်၊ ကိုယ်မင်းကို ခေါ်သွားပေးမယ်။ မင်းသာ ကိုယ့်အနားမှာ ကောင်းကောင်းမွန်မွန် ရှိနေဖို့ပဲလိုတာ"

ယဲ့ထင်၏ လက်ချောင်းများသည် ရန်ကျားလိ၏ တိုတုတ်တုတ် အနက်ရောင် ဆံပင်များကြား ရောက်သွားပြန်သည်။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now