Real life in past (ep-5)

190 25 8
                                    

Zawgi...

ရွှေ​ရောင်​နန်း​ဆောင်​ကြီးတွင်​​တော့ ​မောင်​နှမနှစ်​ဦးဖြစ်​​လေတဲ့ယူရီဒိုက်​စ်​ နဲ့ ယူ​ရေးနပ်​စ်​ တို့သည်​ ရှိ​နေကြ​လေသည် ။ အရင်​က တတ်​ကြွ​နေတဲ့ မင်းသမီး​လေးသည်​ ခုများတွင်​​တော့ မခို့တရို​လေး ဖြစ်​​နေကာ ​ရွှေ​ရောင်​နန်း​ဆောင်​ကြီးကို မျက်​စိကစား​နေ​လေသည်​ ။

စိတ်​ထဲတွင်​လည်း မမ မမ နဲ့ ​အပ်​​ကြောင်းထပ်​​အောင်​​ရေရွှတ်​​နေ​လေသည်​ ။

'ယူရီ ​နေမ​ကောင်း ဘူးလား .... ဘာများဖြစ်​လို့လဲ ကြည့်​ရတာ မှုမမှန်​သလိုပဲ...'

ယူ​ရေးနပ်​စ်​ ညီမဖြစ်​သူ အရင်​လို ချွဲနွဲ့ခြင်း မရှိဘူး ၊ စကား တစ်​လုံးတစ်​​လေ​တောင်​ ​ပြော​လေခြင်းမရှိဘူး ၊ ​ခေါ်လာထဲက အရာရာကို ထူးဆန်း​နေသလိုနဲ့ ​ဟို​ငေးလိုက်​ဒီ​ငေး နှင့်ရှိ​နေ​ပေသည်​ ​ကြောင့်​ ထူးဆန်းသည်​ဟုထင်​မိသည်​ ။ ထိုသည်ေ​ကြာင့်​ ညီမဖြစ်​သူရဲ့ လက်​ကိုကိုင်​ကာ စမ်းသပ်​ကြည့်​​လေ​တော့ မိမိအား မျက်​လုံး​လေးအ၀ိုင်းသားကြည့်​လာ​ပေသည်​ ။ ပြီး​တော့ ယူရီဒိုက်​စ်​ က လက်​က​လေးကို ပြန်​ရုန်းလိုက်​​လေကာ အ​နောက်​​လေးကို နည်းနည်း​လေး ဆုတ်​လိုက်​​ပေသည်​ ။

'ညီ.. မ ဘာမှမဖြစ်​ပါဘူး အရှင်​...'

မိမိ ဆိုလိုက်​​လေတဲ့ အ​​ပြော ကိုအရှင်​ ယူ​ရေးနပ်​စ်​ က ထူးဆန်းစွာကြည့်​လာသည်​မို့ ယူရီဒိုက်​စ်​​လေးတစ်​​ယောက်​ ​ချွေးစီး​လေးများပင်​နှဖူးပြင်​တွင်​စို့လာ​ပေသည်​ ။ စကား​ပြောတာ တစ်​ခုခုအမှားပါသွားပြီထင်​တယ်​ ။

'ဟို အကို​တော်​ယူရီ ဘာမှမဖြစ်​ပါဘူး...'

ယူရီဒိုက်​စ်​ ​အ​ယောင်​​ဆောင်​​လေး စကားကိုပြင်​ကာဆိုလိုက်​​ပေသည်​ ။ ထိုအခါ ထူဆန်းလွန်းသလိုကြည့်​​နေတဲ့ ဟန်​​လေးကို နည်းနည်း ​လျော့​စေလိုက်​​လေသည်​ ။

ယူရီဒိုက်​စ်​ အ​ယောင်​​ဆောင်​​လေးက​တော့ ​​ကောင်းကင်​တစ်​ခုလုံးက ​ကြောက်​ကာ ရို​သေရ​လေတဲ့ အရှင်​ယူ​ရေးနပ်​စ်​ တစ်​​ယောက်​ကို မိမိ​ရှေ့တွင်​ မျက်​၀ါးထင်​ထင်​ ​တွေ့​နေ၍ စိတ်​လှုပ်​ရှားမှု​တွေနဲ့ ​ကြောက်​မိ​လေသည်​ ။ မိမိက အမှားလုပ်​ထားသူမို့ ပို​ကြောက်​​နေမိ​လေသည်​ ။ မ​တော်​လို့ မမရဲ့အ​ယောင်​​ဆောင်​ထားတဲ့အ​ကြောင်းသိသွားလို့ မိမိကို ​ဒေါသထွက်​ပြီး သတ်​ပလိုက်​ရင်​ ဘယ်​လိုလုပ်​မလဲဟု​တွေးမိ​လေသည်​ ။

Colourless (System ) Book -2 💜 Love Couples In The Heaven 💜Where stories live. Discover now