Real life (end) ​သေမျိုးနယ်​​မြေမှ second change mission

176 24 7
                                    

Zawgi...

ဟန်​နီးမွန်း  ရဲ့ မင်္ဂလာဦးည​လေး ။

ချစ်​ရတဲ့ နတ်​မိမယ်​​လေးက ဟန်​နီးမွန်း အဖြစ်​ ပြည်​ပ ခရီးစဉ်​​တွေမတိုင်​မှီ မင်္ဂလာပွဲလုပ်​ရာ ထိုကမ်း​ခြေ​လေးမှာ တစ်​ညတာ ​နေလို​ကြောင်းဆို​လေသဖြင့်​ ခရီးစဉ်​ကိုတစ်​ရက်ေ​နာက်​​ရွေ့ကာ ကမ်း​ခြေမှ အပန်း​ဖြေရပ်ဝန်းေ​​လးတွင်​ ရှိ​နေ​လေခြင်းဖြစ်​​လေသည်​ ။

ကြယ်​စင်​​လေး​တွေ ​ကောင်းကင်​ထက်​မှာ လင်းလက်​​နေသည်​ကိုမှ မြင်​​တွေ့ချင်​ပါတယ်​ ဆို​လေတာမို့ ကမ်း​ခြေတွင်​ ရွက်​ဖျင်​တဲ​လေးထိုးရင်း ကြင်​​ဖော်​ကြင်​ဖက်​ နှစ်​ဦးသား ရှိ​နေ​လေကြခြင်းပ​င်​ဖြစ်​​လေသည်​ ။

'ကြည့်​ပါဦး ​ကောင်းကင်​ကြီးက လှလိုက်​​တာ​နော်​...အ​ရောင်​​တွေတစ်​လက်​လက်​နဲ့ ...´

ကြည်​စင်​ချို က ရွက်​ဖျင်​တဲ ​လေးမှ ချစ်​ယောက်ျား နှင့်​တူတူ ​ကောင်းကင်​ဘက်​ကို ​မြော်ကည့်​​နေရင်းမှ ဆို​လေသည်​ ။

'ဟုတ်​ပါရဲ့ ... ကြယ်​​တွေကို ဒီက​နေ ပိုမြင်​​နေရတယ်​...´

ရှိုင်းမာန်​၀င့်​ထည်​ က ချစ်​ဇနီး ​လေးစကားကို​ သံ​ယောင်​လိုက်​ကာဆိုလိုက်​​ပေသည်​ ။ပြီး​လေ​တော့ ​ကောင်းကင်​ကို ကြည့်​​နေရင်းမှ ချစ်​ရတဲ့ ​ချစ်​ဇနီး​လေး ရှိရာဆီကိုမျက်​နှာမှုလိုက်​​လေသည်​ ။ မျက်​စိတစ်​ဖက်​ မှိတ်​ကာ ​ကောင်းကင်​ထက်​ကို​ငေးကြည့်​​နေရင်း လက်ညိုး​လေးကို  ကြယ်​​လေး​တွေဆီ ညွှန်​ကာ ပုံဆက်​​နေ​သော ​ချစ်​ဇနီး​လေးသည်​ မျက်​၀န်းထဲတွင်​ဘယ်​​သောအခါမှ​ပျောက်​ပျက်​မသွားနိုင်​​အောင်​ စွဲထင်​​လေ​နေ ​သော အလှပန်းချီကားချပ်​​လေးများလိုပင်​ ။ အလွန်​ကို ပင်​ တင့်​တယ်​လွန်း​လေ​ပေသည်​ ။

'ဟိုနား က ပုံ ​​လေး ​​တွေအကြည်​ဆက်​တာ​ ခြ​င်္သေ့ ​ခေါင်းပုံ​လေးရလာတယ်​...´

အားတက်​သ​ရော နဲ့ ဆိုလာ​လေတဲ့ ​ချစ်​ဇနီး​လေး​ကြောင့်​ ဘာခြ​င်္သေ့ မှမ​​တွေ့​လေ​သော်​လည်း ရှိုင်းမာန်​၀င့်​ထည် ​ထောက်​ခံသံ​လေး ပြုလိုက်​​ပေသည်​ ။

Colourless (System ) Book -2 💜 Love Couples In The Heaven 💜Where stories live. Discover now