Real life (ep-10) ​သေမျိုးနယ်​​မြေမှ second change mission

159 21 10
                                    

Zawgi...

ဦးဗညားတစ်​​ယောက်​ ​တူ​ဖြစ်​သူရဲ့ အ​ကျောကို ခံလိုက်​ရ​လေ လို့ ​တော်​​တော်​​လေး ​ပေါက်​ကွဲဟန်​ အ​နေအထားနဲ့ရှိ​နေ​လေသည်​။ မိမိရဲ့ ဘက်​​တော်​သားဖြစ်​တဲ့ ရှယ်​ယာရှင်​​တွေသည်​ လွန်​ခဲ့တဲ့ နာရီပိုင်း အတွင်းမှာကို မသမာ​ကြောင်း အ​ထောက်​အထား​တွေနှင့်​ အ​ကြောင်းအရာရာ အမျိုးမျိုးဖြင့်​  စုံစမ်းစစ်​​ဆေးခံ​နေရ​လေပြီကို ဦးဗညား သိ​နေပြီးသားဖြစ်​​လေ​ပေသည်​ ။ မိမိ လုပ်ခဲ့​​လေတဲ့ အချို့ကိစ္စ​တွေကို ရှိုင်းမာန်​၀င့်​ထည်​က  ဒီတိုင်းထားမထားမည်​ကိုသိ​လေသဖြင့်​ သူလျိုအမျိုးသမီးကို ပိုက်​ဆံအလုံးအရင်း​ပေး​လေကာ နိုင်​ငံခြားမှာပင်​ လုံးဝ​ခြေရာ​ဖျောက်​ခိုင်းဖို့ လုပ်​လိုက်​​လေသည်​ ။

ပြီး​တော့ အချို့ ဆက်​စပ်​​နေတဲ့ သတင်း​တွေကိုလဲ ဖြတ်​​တောက်​လိုက်​​လေသည်​ ။ ဦဗညားရဲ့ အဖြစ်က ​ပင်​လယ်​စာ စား​သောက်​ဆိုင်​မှာ​မွေးမြူခြင်းခံရတဲ့ ​ရေဘ၀ဲ​ကောင်​ငယ်​​လေးလိုပင်​ ။ ကျဉ်းငယ်​တဲ့ ​မှန်ေ​ဘာင်​​ငယ်ေ​လးထဲမှာ​နေကာ မိမိရဲ့အ​ပေါင်းအပါ​တွေကို အားရပါးရ စား​နေ​သော သူများကို မှန်​​ဘောင်​ ​ဘောင်​ကျဉ်း ​လေးထဲက​နေ ကြည့်​​နေရပြီး တစ်​ဖက်​ က စားဖို​ဆောင်​မှ စားဖိုမှုးကလည်း ဘယ်​အချိန်​ ကိုယ့်​ကို ဟင်းလျာအဖြင့်​ အရှင်​လတ်​လတ်​ လှီးဖြတ်​မည်​ကို ​ကြောက်​ရွံစွာ​စောင့်​ဆိုင်း ​နေကြ​ပေသည်​ ။

ဦးဗညားရှိရာဆီသို့ ​ရောက်​လာ​လေသူက​တော့ ဦဗညားရဲ့ လူယုံတပည့်​ဖြစ်​​လေသူ ​ဝေထူး​မောင်​ ပင်​ ။

'ဆရာ ဆရာခိုင်းတဲ့အတိုင်း သစ်​ခက်​နွယ်​ကို ​ခြေရာ​ဖျောက်​ခိုင်းလိုက်​ပါပြီ ...´

'​ကောင်းတယ်​... အခု ရှိုင်းမာန်​၀င့်​ထည်​ဘက်​ က ငြိမ်​​နေတာ သတိပိုထားရမယ်​ ... သူက ​မိုးကြိုးလျှပ်​စီးလိုပဲ အရမ်းလျှင်​တယ်​ ... အပစ်​ခံလိုက်​ရပြီးမှ ပစ်​​ကြောင်းသိတာမျိုးပဲ ....´

'ဟုတ်​ကဲ့ဆရာ ...´

'မင်းသွားလို့ရပြီ...´

ဝေထူး​မောင်​ ထွက်​သွား​လေ​တော့မှ ဦးဗညားသည်​ ​အခန်းထဲရဲ့ ပန်းချီကားရဲ့ အ​နောက်​ဘက်​မှာဖွက်​ထားတဲ့ လျိုဝှက်​ မီးခံကိုဖွင့်​လိုက်​​လေသည်​ ။
ထိုထဲတွင်​​တော့ ​တရားမ၀င်​​သော​ငွေ​အ​မောင့်​များစွာရယ်​ ၊ လိမ်​လည်​ထားတဲ့ ​ငွေစာရင်း စာရွက်​စာတမ်း ​တွေရယ်​ ၊ ညီမ ဖြစ်​သူ တို့ကိုသတ်​လိုက်​စဉ်​က ရဲစခန်းက​နေ လှည့်​ယူထားတဲ့ သက်​​သေခံ သတင်းအချက်​အလက်​​တွေရယ်​ ရှိ​နေ​ပေသည်​ ။

Colourless (System ) Book -2 💜 Love Couples In The Heaven 💜Where stories live. Discover now