PATT 19

17.8K 953 2
                                    

Unicode

ည ၂နာရီ ၁၅မိနစ်။

အိပ်ပျော်နေစဥ် စီးကရက်နံ့ ခပ်ပြင်းပြင်း ရ၍ ရက်ခတစ်ယောက် နိုးလာသည်။ အိပ်မှုန်စုံမွှားဖြစ်နေသည့် မျက်လုံးအစုံကို အတင်း အားယူ ဖွင့်ကြည့်လိုက်တော့ သူ့ဘေးတွင် ခ ရှိမနေခဲ့။ စီးကရက်နံ့ လာရာကို ကြည့်လိုက်တော့...။

ဟော တွေ့ပါပြီ။
ဆေးလိပ်မီး ပျပျလေးနှင့်အတူ အခန်းတံခါးကို ကျောမှီလျက် ထိုင်နေသည့်ခ။ ထထိုင်ပြီး ကုတင်ပေါ်က ခြေအဆင်း တစ်စုံတစ်ခုကို နင်းမိသည်။ မှောင်နေ၍ ဘာမှမမြင်ရသောကြောင့် ကုတင်ဘေးက ခုံပေါ်ရှိ မီးအိမ်ကို ဖွင့်လိုက်သည်။ အလင်းရသည်နှင့်တစ်ပြိုင်နက် တွေ့ရသည်က အခန်းကြမ်းပြင်တွင် စီးကရက်တိုအပိုင်းအစများ ပြန့်ကျဲနေလျက်။ ခအနားကို အနီးကပ် သွားကြည့်လိုက်တော့ မျက်လုံးအသေနှင့်ဖြစ်ပြီး ပြာမှုန့်ငယ်များကလည်း အင်္ကျီနှင့် ဘောင်းဘီပေါ်တွင် ဟိုတစ်စဒီတစ်စ ကပ်လျက်ရှိနေသည်။ သူ့အထင် နေ့ခင်းက ခ အပြင်ထပ်ထွက်ပြီး ၀ယ်လာသည်များက စီးကရက်ဘူးများဖြစ်ရမည်။

" ခ "

သူခေါ်လိုက်တာကို ခကြားသည်။
သူ့ထံသို့ မော့ကြည့်လာသော်လည်း စက္ကန့်အနည်းငယ်မျှ ငြိမ်သက်တိတ်ဆိတ်နေသည်မှာ လက်ထဲက စီးကရက်သာ လောင်မြိုက်ပြီး တစ်၀က်တိတိ ကျိုးကျသွားသည်အထိ။

" ခ "

ဘာမျှ ပြန်မပြော။
ကျန်တစ်၀က်သာ ရှိတော့သည့် စီးကရက်ကို ကုန်သွားသည်အထိ တစ်ဆုံး ရှိုက်ပစ်ကာ အခန်းပြင်ကို ထထွက်သွားပြီးနောက် လေသာဆောင်မှာ သူ့ကိုကျောပေးကာ ရပ်လေသည်။

" ခ..."

သူထပ်ခေါ်လိုက်တော့ လှည့်ကြည့်သည်။
ဒီတစ်ခါလည်း  ဘာမျှ ပြန်မပြောပေ။
အိပ်မက်ယောင်နေတာလား။
ဒါမှမဟုတ် တစ်ခုခုဖြစ်နေတာလား။

၁၀မိနစ်လောက်ကြာတော့ အောက်ထပ်ကို ဆင်းသွားသည်။
ခ အခုလို ဖြစ်နေရသည့် အကြောင်းအရင်းက ဘာဆိုတာကို
မသိပေမယ့် တစ်ခုခုဖြစ်နေသည်ဆိုတာကိုတော့ သူတပ်အပ် ပြောနိုင်သည်။ ဒါကြောင့်လည်း ခ သွားရာနောက်ကို ဆက်လိုက်သွားလိုက်သည်။ မီးဖိုခန်းထဲ ၀င်သွားသည်အထိ လိုက်သွားလိုက်‌တော့။

UM (Completed)Where stories live. Discover now