PART 34

11.4K 601 2
                                    

Unicode

ရေချိုးပြီး ထွက်လာတော့ မောင်က အခန်းထဲသို့ ရောက်နှင့်နေပြီးဖြစ်ကာ မွေ့ယာထက်တွင် အိပ်မောကျနေလေသည်။

တစ်ကိုယ်‌ရည်အတွက် လုပ်စရာရှိသည်ကို လုပ်ပြီးနောက် မောင့်ဘေးတွင် ဝင်နေရာယူပြီး လဲလျောင်းလိုက်သည်။ 

မောင့်လက်မောင်းပေါ် တွင် ခေါင်းလေးအုံးပြီး‌နောက်... အိပ်စက်ခြင်းဆီသို့...။

အခန်း၏ အေးစက်ခြင်းနှင့်အတူ တဆစ်ဆစ်ကိုက်ချင်သလို ဖြစ်လာသည့် လက်မောင်းကြောင့် မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တော့ သူ့ရှေ့မှောက်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် ချစ်ရသူလေးကို တွေ့လိုက်ရသည်။ မွှေးရနံ့သင်းနေသည့် ဆံသားလေးများသည် ခေါင်းလျှော်ထားပုံရသည်။

" ခ "

ပုခုံးလေးကို အသာအယာ လှုပ်၍ နှိုးလိုက်သည်။

" အွန် မောင်နိုးနေပြီလား "

ထို့နောက် မျက်လုံး ပြန်မှိတ်သွားသည်။

" ခ နေ့ခင်းဆေးသောက်ပြီးပြီလား "

" အွန်း မအိပ်ခင်က သောက်ထားတယ် "

မျက်ခွံကို အနည်းငယ် လှစ်ပြီး ပြန်ဖြေသည်။

" ဆေးက ကုန်တော့မယ်မလား၊ မောင်တို့ မနက်ဖြန် ဆေးရုံသွားကြမယ်နော် "

" အွန်း "

" မောင် ရေချိုးလိုက်ဦးမယ်နော် "

‌ဟော ပြန်အိပ်မောကျသွားပြီ။

ခေါင်းအောက်က လက်မောင်းကို မသိမသာလေးထုတ်ဖို့လုပ်တော့ အတင်းပြန်ဆွဲယူထားတာကြောင့် ခနိုးမှဘဲ ချိုးဖို့ ဆုံးဖြတ်လိုက်တော့သည်။

" အန်တီခက်ခက်နွယ်ကို ဖေဖေ့ဆီ လာခဲ့ဖို့ ပြောထားတယ် "

" အွန်း ကောင်းတယ်၊ ဖေဖေလည်း ဒီကိစ္စကို လူချင်းတွေ့ပြီးဘဲ ပြောချင်တယ် "

" ဖေဖေ "

" အေး သမီး၊ ပြော "

"  မေးစရာရှိတယ်... "

အတန်ကြာမျှ တိတ်ဆိတ်နေပြီးနောက်။

" အချစ်က ဘာလဲ "

UM (Completed)Where stories live. Discover now