PART 37

11.8K 595 4
                                    

Unicode

" မောင်... ငါခုတလော အိပ်မပျော်ဘူးသိလား "

" ဟုတ်လား ခ ၊ ဘယ်နှရက်ရှိပြီလဲ ဘယ်နေ့က စဖြစ်တာလဲ "

" မောင် သွားပြီး နောက်တစ်ရက် "

" ဒါဆို မောင့်ကို လွမ်းနာကျတာဖြစ်မယ် "

နောက်ပြောင်လိုက်ပေမယ့် အမှန်တကယ်က ရက်ခစိတ်ပူသွားမှန်း မျက်နှာတွင် အထင်းသားပင်။

" ဟုတ်လောက်မယ် "

ရက်ခစကားကို ပြန်ထောက်ခံသည့် မြေ့နင်းခပင်။

ဒေါက် ဒေါက် ဒေါက် 

" လော့ခ်မချထားဘူး ဝင်ခဲ့ "

ဖိုးသူ နွားနို့လာပို့ခြင်းဖြစ်သည်။

" တင်ခဲ့လိုက် "

ပြန်ထွက်သွားပြီးနောက် ခဘက်က စကားစသည်။

" မောင် ငါပြောစရာရှိတယ်သိလား "

" အွန်း ပြောလေ "

" မနက်က အန်တီက ငါ့ကို ကော်ဖီဖျော်ပေးတယ် "

" ဟုတ်လား "

ရက်ခ စိုးရိမ်သွားပြန်သည်။

သူ၏ မိခင် ဘာအကွက်တွေ ရွှေ့နေတာပါလိမ့်။

" မနက်ဖြန် အလုပ် ပြန်ဝင်မှာလား "

" အွန်း ပြန်ဝင်ရမယ် ၊ project အသစ်စဖို့ရှိတယ် "

Meeting အတွင်းတွင် ဖုန်းက တဗြီးဗြီးဖြင့် မြည်နေသည်။

Vibration လုပ်ထားသည်မှာ ခ ဆက်ရင် မသိလိုက်မှာစိုး၍ဖြစ်သည်။ သို့ပေမယ့် silent လုပ်ပြီး ဖုန်းကို စတိုင်ပန့်အိတ်ကပ်ထဲ ထိုးထည့်ထားလိုက်ရသည်။

ဆွေးနွေးခြင်းများ ပြီးဆုံးသွားတော့ အကြိမ်များစွာ ခေါ်ထားသည့် ဖုန်းအား ပြန်ခေါ်လိုက်သည်။ 

များပြားလှသည့် ခေါ်ဆိုမှုတွေအနက် 

သတိမထားမိလိုက်သည့် အဝင်ကောလ်တစ်ခုရှိသည်။ ထို့နောက် ယခုလက်ရှိ သူနှင့် ကူးကူးဟေဇယ်နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်နေသည့် အနေအထားသို့ ရောက်ရှိသွားခြင်းဖြစ်သည်။

UM (Completed)Where stories live. Discover now