56

13K 1.9K 111
                                    

{Unicode}

"စိတ်ပြောင်းသွားခြင်း"

လန်ထျန်းက မျှော်လင့်တကြီးနှင့် မေးလာသည်။

"တကယ်လို့ သူနပြုအသစ်တစ်ယောက် ခန့်ဦးမယ်ဆို ခင်ဗျားကြည့်...ကျွန်တော်ဆိုရင်ရော အဆင်ပြေလား"

ယဲ့ထင်က အေးတိအေးစက်နှင့်

"မ‌ပြေဘူး"

လန်ထျန်း၏ ပုခုံးများသည် ရုတ်ချည်း လျှောကျသွားပြီး မျှော်လင့်ချက် မဲ့သွားသော အမူအရာနှင့်

"ဘာဖြစ်လို့လဲ"

ရန်ကျားလိသည် ယဲ့ထင်နံဘေးတွင် အတင်းအကြပ် ဆွဲကပ်ခံထားရပြီး အနားတွင် ထိုင်နေရသည်။ သူသည် လက်ဖဝါးဖြင့် အားဖူ၏ ခန္ဓာကိုယ်ကို ညင်ညင်သာသာ ပွတ်သပ်ပေးနေရင်း မျက်ခွံများကို တိတ်တဆိတ် မော့လာလေ၏။ သူ၏အကြည့်များ လန်ထျန်းထံ လှည့်ပတ်နေစဉ်တွင် မျက်လုံးများသည် တစ်စုံတစ်ခုအား တွေးမိသွားသယောင် အနည်းငယ် နက်နဲသွားလေ၏။

လန်ထျန်းမှာကား လက်မခံနိုင်သေးဘဲမိမိ သူနာပြုအဖြစ် အလုပ်လျှောက်ထားလိုသည့် ဆန္ဒကိုသာ ယဲ့ထင်ထံတွင် ကြိမ်ပေါင်းများစွာ အခိုင်အမာ ဖော်ပြနေ၏။

ယဲ့ထင်သည် သူ့အား မဆိုင်းမတွ ငြင်းဆိုလိုက်ပြီး နေရာလွတ်လေး တစ်နေရာပင် မပေးခဲ့ချေ။

ထိုမြင်ကွင်းကို ကြည့်နေသော ရန်ကျားလိသည် ရုတ်တရက် စကားဆိုလာသည်။

"ယဲ့ထင်"

ယဲ့ထင်သည် ရန်ကျားလိ၏ အသံကို ကြားလိုက်သောအခါ တစ်မုဟုတ်ချင်း ရပ်တန့်သွားပြီး နှလုံးခုန်သံသည်ပင် နှစ်ချက်မျှ စည်းလွတ်ဝါးလွတ် ဖြစ်သွားသည်။

ရန်ကျားလိအား ပြန်လည်ဖမ်းယူ ခေါ်ဆောင်လာခဲ့သည့် ရက်ပိုင်းများတွင် သူမြင်နိုင်သမျှမှာ ရန်ကျားလိ၏ တိတ်ဆိတ်ငြိမ်သက်နေသည့် အသွင်အပြင်နှင့် မှိုင်တွေညှိုးငယ်နေသည့် အမူအရာတို့သာဖြစ်သည်။ အကယ်၍ မိမိဘက်ကသာ စကားစမပြောလျှင် ရန်ကျားလိသည်လည်း သူ့ဘက်မှ စတင်ပြီး မိမိအား စကားတစ်ခွန်းမျှပင် ပြောလာခဲ့မည် မဟုတ်လောက်ပေ။

ရည်းစားဟောင်းက ငါ့ကိုမျက်စိကျနေပြန်ပြီ (ဘာသာပြန်)Where stories live. Discover now