🖤1🖤

3.4K 151 21
                                    

Unicode

Jeonစံအိမ်ကြီးရဲ့ အောက်ဆုံးထပ်ဧည့်ခန်းတွင် ခြေချိတ်ကာဆေးလိပ်တစ်လိပ်ကိုလက်ညိုးကြားညှက်ပြီး အငွေ့တွေအသည်းထဲထိရောက်အောင် ရှိုက်ဖွာနေသော နှုတ်ခမ်းနီရဲရဲလေး။

ရှိရင်းဆွဲ ပန်းနုရောင်နှုတ်ခမ်းလေးဟာ အခုတော့ အနီရင့်ရောင်တွေနဲ့ခြယ်လှယ်ခံထားရတယ် နဂိုကပုံတုံးတုံးဆံပင်အနက်ရောင်အဖြောင့်လေးဟာ အခုတော့ အခွေအလိပ်ကြီးတွေနဲ့၊ရိုးရိုးရှင်းရှင်းလေးသာ ဝတ်စားတတ်တဲ့ "Ari"အခုတော့ ကြိုးတစ်လုံးဂါဝန်အနီလေးနဲ့ နှင်းဆီနီလေးတစ်ပွင့်လိုသိပ်ဆွဲမတ်စရာကောင်း‌ေနတယ်။

အဲ့လိုအလှမျိုးကို မောင် ကအရူးအမူးကြိုက်နေတော့လဲ ပြောင်းလဲပေးရတာပေါ့၊အခုတော့ မောင့်ကို ဆေးတိုက်ချိန်ရောက်နေပီမို့ သောက်လက်စဆေးလိပ်ကိုထိုးချေကာ
ဆေးဗန်းလေးယူပီး စံအိမ်ကြီးအပေါ်ထပ်က
မောင့်အိပ်ခန်းလေးဆီ။

"မောင် ဆေးသောက်ရအောင်လေ"

စံအိမ်တစ်ခုလုံး အနက်ရောင်တွေ အနီရောင်တွေ နဲ့စိုးမိုးထားပေမဲ့ မောင့်အခန်းလေးကတော့ ချွင်းချက်အဖြူရောင်လေး လိုက်ကာတွေရဲ့ တစ်ဖက်ခြမ်းက ရှု့ခင်းတွေကိုငေးမောကြည့်နေတဲ့ Wheel chair‌ေလးနဲ့မောင်ဟာ Ariအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ ပန်းချီကားလေး

လှည့်ကြည့်လာတဲ့မျက်ဝန်းတွေက နာကြည်းကြည်း ရွံ့ရှာမှုတွေအပြည့်နဲ့ ဒါမျိုးက Ariအတွက်ရိုးနေပါပီ

"မင်းမျက်နှာကိုမမြင်ချင်ဘူး Ari ငါ့အခန်းထဲကထွက်သွား"

"အော် မောင် ကလည်း ဒေါသကြီးလိုက်တာ ဆေးသောက်ဖို့ဘဲပြောရသေးတယ်"

"ထားခဲ့လိုက် ငါ့ဟာငါသောက်မယ်"

"အင်း ဒါဆို Ari ထားခဲ့မယ်နော်"

တစ်ချိန်က Ari ကလည်း မောင့်ရဲ့အချစ်ခံလေး ဖြစ်ခဲ့သေးတာ အခုတော့ မောင့်ရဲ့ စိမ်းကားမှုတွေ အမုန်းတွေကိုဘဲရင်ဝယ်ပိုက်ရင်း ဒီစံအိမ်ကြီးထဲမှာ လက်ထပ်ပီးထဲကနေလာကြတာ ၃နှစ်ရှိပီ။

"Ari.."

"ပြောပါမောင်"

"ငါ့ကိုဘယ်တော့မှ လွှတ်မြှောက်ခွင့်ပေးမှာလဲ"

ℙ𝕊𝕐ℂℍ𝕆 𝕍𝕀𝕃𝕃𝔸𝕀ℕ(Completed✅)Where stories live. Discover now