🖤4🖤

1.1K 127 10
                                    

Unicode

လက်ထပ်ထားတာ 4နှစ်ပြည့်ဖို့ရက်ပိုင်းဘဲလိုတော့တာဘဲ ၊မောင့်ကို စွန့်လွှတ်ရတော့မှာပေါ့နော် လွန်ခဲ့တဲ့၃နှစ်လုံးလုံး အတ္တတွေနဲ့ချည်ခဲ့ပီးပီးဘဲ လွတ်လပ်ချိန်ရောက်တော့မှာပါ မောင်ရယ် ဒါကြောင့်ခဏတော့သီးခံပေးပါဦး။Ari မောင့်အပေါ်မှာလုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်တဲ့အနေနဲ့ထွက်သွားပေးမှာပါ မောင့်ကမ္ဘာမှာ Ariဆိုတဲ့ မိန်းကလေးကအပီးအပိုင်း နှုတ်ထွက်ပေးမှာမို့လို့ ခဏတော့မောင့်နဲ့ပျော်ရွှင်ခွင့်လေးပေးပါ။

"မောင် အပြင်မှာနှင်းတွေကျနေပီ ခဏလောက်ထွက်ကြည့်ကြမလား"

"အွန်း"

"အနွေးထည်ဝတ်ပေးမယ်နော်"

မောင့် Wheel chairလေးကိုတွန်းရင်း ခြံထဲဆင်းတော့ ဘေးမှာ ဦးလေးတို့သားအဖ က
လဲရှိနေပေးတယ်။

အနွေးထည်အထူကြီးနဲ့ စောင်ခြုံလေးခြုံထားတဲ့မောင်။အနွေးထည်ကြီးကြားမြုပ်နေတာလုံးလုံးလေး။Wheel chairကိုဒေါက်ထောက်လိုက်ပြီး မောင့်ရှေ့ကိုထိုင်ချလိုက်ကာ ဝမ်းနည်းမှုကိုမျိုသိပ်ရင်း ပြောလိုက်ပါတယ်။

"မောင် ပထမဆုံးနှင်းကျတာကို ချစ်သူတွေအတူတူကြည့်ရင် ပေါင်းဖက်ရတယ်တဲ့၊တကယ်တော့ Ariတို့က ပေါင်းတောင်ပေါင်းနေပီလေနော့် ဟဟဟ"

"မင်းနေမကောင်းဘူးလား "

"ဟင် မောင်ကျွန်မကို စိတ်ပူတာလား"

"မင်းနှာခေါင်းမှာသွေးတွေ"

"အော် အေးလို့ထင်တယ် ဟီးဟီး"

"မောင့် အတွက်သတင်းကောင်းရှိတယ်"

"Ariတို့လက်ထပ်ထားတာ ၄နှစ်ပြည့်တော့မယ်"

မောင့် မျက်လုံးတွေအရောင်လက်သွားခဲ့ပေမဲ့
ဘာလို့ ချက်ချင်း မှေးမိန်သွားရပြန်တာလဲ။
မောင်ပျော်နေရမှာလေ။

"ဘယ်လိုလဲမောင် ပျော်သွားပီလား၊ဒါပေမဲ့ လိုသေးတယ်နော် သီးခံလိုက်အုံး"

"ဘယ်လောက်လိုသေးလဲ"

"၂ပတ်"

"အော်..."

"မောင် Ariနဲ့ကွာရှင်းပြီးရင် ဘာတွေလုပ်မှာလဲဟင်"

"ကမ္ဘာပတ်မယ် ခရီးတွေထွက်ပြီးဓာတ်ပုံတွေရိုက်ချင်တာ ဒါမဲ့ အခုလိုခြေထောက်တွေနဲ့ဖြစ်မှမဖြစ်နိုင်တာ"

ℙ𝕊𝕐ℂℍ𝕆 𝕍𝕀𝕃𝕃𝔸𝕀ℕ(Completed✅)Where stories live. Discover now