🖤2🖤

1.1K 123 0
                                    

Unicode

"မောင် နိုးပီလား နိုးနေရင်ပြန်မအိပ်နဲ့တော့နော် အပြင်လိုက်ပို့ပေးမလို့"

"တကယ်လား"

"အွန်း ထမျက်နှာသစ်ရအောင်"

အပြင်သွားရမယ်လဲဆိုရောကုန်းရုံးထတဲ့မောင် ဒီအခန်းထဲမှာဘဲအချိန်တိုင်းပိတ်ခံထားရတော့ တစ်ခါတလေတော့လေကောင်းလေသန့်လေးရှုချင်မှာဘဲဆိုတဲ့စိတ်နဲ့ Ariကမောင့်ကို ခွင့်ပြုပေးခဲ့သည်။ကိုယ်တိုင်အဝတ်အစားလဲပေး ရေပတ်တိုက်စသည်ဖြင့်သူမကသာအကုန်လုပ်ပေးသည်။

"မောင်  ဦးလေးကြီးနဲ့ဘဲသွားလိုက်နော် Ariပါရင်အနှောက်အယှက်ဖြစ်နေမှာစိုးလို့"

"ဦးလေး မောင့်ကိုသေချာဂရုစိုက်ပေးပါနော်၊စားချင်တာ လိုချင်တာမှန်သမျှလုပ်ပေးလိုက်ပါ"

"ဟုတ်ကဲ့မမလေး"

"ကောင်း‌ေကာင်းပျော်ခဲ့ပါ မောင်"

မောင့်တို့ကားလေးခြံပြင်ထွက်သွားတော့ စံအိမ်ကြီးထဲသာပြန်ဝင်လာခဲ့တယ်။Jeonစံအိမ်ကြီးက သူမတို့ချစ်သူဘဝထဲက ကိုယ်တိုက်ဒဇိုင်းဆွဲဆောက်လုပ်ထားတာ လက်ထပ်ပီးရင်နေကြမယ်ဆိုပီးပေါ့ အိမ်ကြီးကမြို့ပြင်မှာမို့ သဘာဝရှု့ခင်းကောင်းကောင်းနဲ့တစ်ကယ့်ကို အပန်းဖြေအိမ်ကြီးလိုပါဘဲ။

"အကိုလေး ဘယ်ကိုမောင်းပေးရမလဲ"

"JungKookလို့ဘဲခေါ်ပါလို့ ပြောထားတယ်လေ"

"မမလေးက.."

"တော်တော့ သူ့အကြောင်းဆိုမပြောနဲ့"

"မမလေးက အကိုလေးကိုသိပ်ချစ်ရှာတာပါ"

"သူကလား ဟားဟား ချစ်ရင်ကျွန်တော့်ကိုဒီဘဝရောက်အောင်လုပ်ခဲ့ပါ့မလား"

"အကိုလေး မသိတာတွေရှိပါသေးတယ်"

"Ariဆိုတဲ့မိန်းမအကြောင်းလား တော်ပါတော့ဦးလေး ကျွန်တော့်ကိုမောင်းနေကျနေရာကိုသာမောင်းပေး"

"ဟုတ်ကဲ့ အကိုလေး"

~~~~~~~~~~~~~~~~~
"ပြန်လာပီလား မောင် တခြား‌တစ်‌‌ေနရာဖြစ်ဖြစ်မသွားကြဘူးလား မပြောင်းလဲဘဲအဲ့ကိုဘဲလား"

ℙ𝕊𝕐ℂℍ𝕆 𝕍𝕀𝕃𝕃𝔸𝕀ℕ(Completed✅)Where stories live. Discover now