Part -(8)

652 76 21
                                    

Jen - " Jisoo...ဒီစာရွက်တွေကိုဥက္ကဌရုံးခန်းထဲသွားပို့ "

Jisoo - " ဟုတ်ကဲ့ "

အခုဆိုကျွန်တော် က မမလေးရဲ့သက်တော်စောင့်အနေနဲ့တောင်မဟုတ်ဘူး အတွင်းရေးမှူးတာဝန်ပါယူထားရတယ်....အစကတည်းအန်ကယ့်ဆီကနေလုပ်ငန်းအကြောင်းသင်ယူထားတော့ မမလေးရဲ့အတွင်းရေးမှူးလုပ်တော့သိပ်ပြီးအခက်မတွေ့ဘူးလေ....

Jisoo - " မမလေး ပေးခိုင်းလိုက်တာပါ "

" ဟုတ်ကဲ့ရှင့် ဥက္ကဌ ပြန်လာရင်ပြောလိုက်ပါ့မယ် "

Jisoo - " ဟုတ်ကဲ့ "
.
.

Jen - " Appaရှိနေလား ရုံးခန်းမှာ "

Jisoo - " နေ့လည်စာသွားစားတယ်ထင်တယ်မမလေး မတွေ့မိဘူး "

Jen - " အင် "

Jisoo - " မမလေး နေ့လည်စာစားဖို့ဆိုင်က‌ေနမှာလိုက်ရမလား "

Jen - " ဟင့်အင်း Lice နဲ့အတူ
နေ့လည်စာသွားစားမှာ တို့ ကိုသူ့ဆေးရုံဘဲလိုက်ပို့ပေး "

Jisoo - " ဟုတ်ကဲ့ "

-------

ဆေးရုံးသွားတဲ့လမ်းမှာ ကျွန်မကဘဲစပြီးးး

Jen - " တူတူနေ့လည်စာလိုက်စားအုံးမလား "

Jisoo - " အာ....မမလေးတို့အနှောင့်ယှက်ဖြစ်နေပါအုံးမယ် ကျွန်တော့်ဘာသာကျွန်တော်ဆိုင်တစ်ဆိုင်မှာစားလိုက်ပါ့မယ် "

Jen - " ဆိုင်မှာစားမယ့်တူတူ တို့ နဲ့ဘဲလာစားလိုက်ပါ မင်းငြိမ်ငြိမ်လေးထိုင်စားနေရင်အနှောင့်ယှက်‌ မဖြစ်ပါဘူး  "

Jisoo - " မမလေးပြောတဲ့ပုံကြီးက ကျွန်တော်ကဘဲ ငြိမ်ငြိမ်မနေတတ်တာကြနေတာဘဲ "

Jen - " hahaha...အဲ့သဘောဖြစ်သွားလား "

မမလေးရဲ့ အပြုံးကို ကျွန်တော်တစ်ယောက်တည်းပိုင်ဆိုင်ရရင်ကောင်းမှာဘဲ......
.
.
.

* ဒေါက် ဒေါက် *

Lice - " ဝင်ခဲ့ပါ "

Jen - " Dr.Lice ကျွန်မအနှောင့်ယှက်ပေးသလိုဖြစ်သွားပြီးထင်တယ် "

Lice - " Rubyထိုင်လေ အနှောင့်ယှက်မဖြစ်ရပါဘူးဗျာ နေ့လည်စာစားပြီးပြီးလားဒုဥက္ကဌကြီးက "

ညီမျှခြင်း ( = )Where stories live. Discover now