Chapter 27 - Dream

5.1K 152 0
                                    


ချန်ရှုအန်းသည် ကျောင်းကို ပြန်သွားဖို့ အစီအစဉ် မရှိခဲ့ဘူး။

သေချာတာပေါ့ ......

မန့်ချူးကိုလည်းပြန်မပို့ဘူး။

ကံကောင်းစွာပင် နက်ဖန်သည် ပိတ်ရက်ဖြစ်လေသည်။ ကားပေါ်က မဆင်းခင် မန့်ချူးသည်ရှောင်ချင်းနှင့် ဆန်းမင်းအား မက်ဆေ့ခ်ျ ပို့ခဲ့လေသည်။ ဆန်းမင်း ကိုတော့ audition က 80%ေလာက်ဖြစ်နိုင်ေချရှိကြောင်းပြောခဲ့သည်။ ရှောင်ချင်းကိုတော့ သူမ တကယ်စိုးရိမ်နေခဲ့သည်။
သူမ အဆောင်ပြန်မအိပ်တာ တော်တော် များနေပီကိုးးးး။

ချန်ရှုအန်း၏ကျေးဇူးကြောင့် သူမသည် အလိမ်အညာ တွင် ပို၍ တော်လာလေသည်။
သူသည် ခေါင်းအားအနည်းငယ်စောင်းလိုက်ကာ သူမ၏စိုးရိမ်နေသော အမူအရာကြောင့် သူမျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် သူမဖုန်းကို မသိမသာ ကြည့်လိုက်ပြီးနောက် သူ၏မျက်ခုံးသည်လည်း မြှင့်တက်သွားလေသည်။

"ချင်းချင်း အဖေ ဒီနေ့ အလုပ်ခရီး သွားရမှာ မို့လို့ ငါဒီည ပြန်မလာနိုင်တော့ဘူး"

ဟမ် ?????
အဖေ???????

ချန်ရှုန်အန်း၏ လည်စလုပ်သည် လိမ့်သွားကာ သူမမျက်နှာအား နက်နက်ရှိုင်းရှိုင်းကြည့်ခဲ့လေသည်။

သူအိမ်မက်ထဲက မိန်းကလေးလိုပင် သူမသည်လည်း အလိမ်အညာပြောသည့်အခါ နှုတ်ခမ်းအား လျှာဖြင့်သပ်နေခဲ့သည်။

ချန်ရှုအန်းသည် ဘာသာရေး ယုံကြည်သူမဟုတ်ပေမယ့် ခိုင်မာသော ဘာသာရေး မဲ့သူလည်းမဟုတ်ပေ။ သိပ္ပံပညာရပ်သည် တင်းကြပ်ပြီး ကျိုးကြောင်းဆက်စပ်နိုင်လေသည်။ မတည်မြဲခြင်းကို သက်သေပြရန် ကျိုးကြောင်းဆက်စပ်နိုင်ခြင်းနည်းအား အသုံးပြုခြင်းသည် ယုတ္တိရှိသော ဝိရောဓိတစ်မျိုးဖြစ်လေသည်။

သူမက်ခဲ့သော  အိမ်မက်အပိုင်းအစ များသည် ဒီနေ့ အဖြစ်အပျက်များကဲ့သို့ ဘာကြောင့်ဖြစ်နေမှန်း သူ မသိခဲ့ချေ။ သို့သော် သူ၏ ကိုယ်ပိုင်စွမ်းရည်ဖြင့် ဆက်စပ်သိမြင်နိုင်ခဲ့လေသည်။

အထူးသဖြင့် ဒီ အမြင်အားဖြင့် သေးငယ်လှသော အိမ်မက်အပိုင်းအစများသည် တစ်ဖြည်းဖြည်းစုစည်းကာ ရုပ်လုံးပေါ်လာလာပေသည်။ ထိုအရာက သူ့ဘဝတစ်ဝက်လောက်အထိ သိကျွမ်းခဲ့သော သူမ၏မှောင်မှိက်ပြီး ဝမ်းနည်းစရာကောင်းသော ဘဝအဆုံးသတ်အား သူသိမြင်ခဲ့ခြင်း ဖြစ်သည်။

✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+UnicodeWhere stories live. Discover now