Chapter 63 - Pingli Street

3.7K 88 0
                                    

သူ၏နှလုံးသားထဲမှ သားရဲအား ရန်စလိုက်သောကြောင့် မန့်ချူးသည် နှစ်ညစာလောက် နှိပ်စက်ခံလိုက်ရပြီး အိပ်ရာပေါ်မှ မထနိုင်သည့်အထိ ဖြစ်သွားလေသည်။ ချန်ရှုအန်းသည် သူ့၏ပိန်ပါး၊ အားနည်း နေသော မိန်းကလေးအားကြည့်လိုက်သည်။ သူမအား ရေချိုးပေးပြီးတည်းက တစ်ညလုံး နားခွင့်ပြုထားခဲ့သည်။

မန့်ချူးသည် အချိန်အကြာကြီး ပုံစံတစ်မျိုးတည်းသာ ဖြစ်နေခဲ့ပြီး သူမ၏ခေါင်းထဲမှာလည်း ရေကျသံသာ ကြားနေရသည်။ သူမသည် ရေချိုးကန်ရှေ့တွင် မတ်တပ်ရပ်နေကာ သူမ၏လက်ဖျံအား ရေထဲတွင် နှစ်ထားခဲ့သည်။ ထို့နောက် ရေနဲ့အတူသွေးစများပါ သူမ၏ လက်ဖျံမှ စီးကျလာလေသည်။

သူမ ဒဏ်ရာက အရမ်းမသေးပေမယ့် နာကျင်ပုံမပေါ်ခဲ့ချေ။ အရေပြားသည် ပွင့်နေကာ တစ်ရှူးစများအား ဖြတ်တောက်ထားပြီး အရေပြားပေါ်တွင် ဆိုးဝါးသော အရာအား ကျန်ရစ်ထားလေသည်။ မန့်ချူးသည် ဘယ်လက်တွင် သစ်သီးခွာဓားအား ကိုင်ထားကာ သွေးများတောက်လျှောက်ကျနေသည်။

သူမ မသေချင်ဘူး။

ဒါ‌ေပမယ့် ချန်ရှုအန်း၏ အကျဉ်းချထားမှုမှ လွှတ်ချင်တယ်ဆိုရင် သူမ ရူးသွပ်နေမှ ရမည်ဟု သဘောပေါက်ထားသည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ သူမ၏ လိင်ဆက်ဆံမှု စွဲလမ်းခြင်းက ဘယ်အချိန်တွင် အဆုံးသတ်မည်ဟု သူမ မသိ‌ေချ။ မမြင်နိုင်သော ထိုအကြောက်တရားနှင့် ဘဝသစ် စချင်သည့် အလိုဆန္ဒများက အသူတရာ နက်သောချောက်ထဲသို့ သူမအား ဆွဲချနေခဲ့သည်။

လေးရက်မြောက်နေ့တွင် ချန်ရှုအန်းသည် မန့်ချူးအား ပုံမှန်အတိုင်းပင် တွေ့ရန်လာခဲ့သည်။ ထိုအချိန်သည် ဆောင်းရာသီ အားလပ်ရက်မစခင် နောက်ဆုံး ပိတ်ရက်ဖြစ်သည်။ ထို့အပြင် မန့်ချူးသည်လည်း ထုတ်လုပ်ရေးအဖွဲ့ဆီသို့ သွားရမယ့် အချိန်လည်းဖြစ်သည်။

သူ့၏ကားထဲသို့ဝင်လာသော သူမဆီမှ သွေးနံ့ဖျော့ဖျော့ ရရှိခဲ့သည်။ ချန်ရှုအန်းသည် သူမဘက်သို့လှည့်ကာ

"မင်းရဲ့ အားလပ်ရက် ရောက်ပြီမလား။ ?"

ချန်ရှုအန်းသည် ထိုသို့ပြောလိုက်ကာ သူ၏လက်အား မန့်ချူးဘက်သို့ ရွေ့လိုက်သည်။ သူ၏လက်သည် သူမ၏အတွင်းခံဆီသို့ ရောက်လာသောအခါ အောက်ခံအဝတ်ဆီမှ ထူထဲထဲ အလွှာတစ်ခု အား စမ်းမိ လိုက်သည်။ သူ၏လက်ပြန်ထုတ်လိုက်သည့်အခါ လက်ချောင်းထိပ်တွင် အနီရောင်သွေးစများအား ‌တွေ့လိုက်ရသည်။

✅✅Complete ✅ ✅ The ML always want to kill me 19+ (Mm Translation) Zawgyi+UnicodeWhere stories live. Discover now