~~မရက်စက်သင့်ပါ သနားညှာတာ ခွင့်လွှတ်ချစ်ပါ....
ရင်တွေခုန်ပါတယ်...မင်းရဲ့အကြည့်ကြောင့်ကွယ်...
လိပ်ပြာစေသူရယ်...ညစဥ်အိပ်မပျော်တယ်....
ယုံကြည်ပါမေရယ်....ကိုယ့်အသည်းလေးပြောပြမယ်...~~
Recommend song::စိတ်ကူးလေးရွက်လွှင့်မယ်
....................
"ကျွန်မ ရှင့်ကိုချစ်တယ် ထိုက်"
ဒီအတောအတွင်း ထိုက်နဲ့သူမတွေ့တာအခေါက်ပေါင်းမရေနိုင်တော့ပေ။
ထိုက်ဘက်က သူမကိုဘယ်လိုမြင်သလဲမသိပေမယ့်
သော်တာ့ဘက်ကတော့ ထိုက်အပေါ်ခံစားချက်တွေရှိနေလေပြီ။
စကတည်းမှ ခံစားချက်တွေကိုမြိုသိပ်တတ်တဲ့သူ
မဟုတ်သည့်အလျောက် ဖွင့်ဟဝန်ခံချင်းသာ။ချစ်တယ်ဆိုတဲ့စကားကို ထစ်ငေါ့ခြင်းမရှိ
ပြတ်ပြတ်သားသားဆိုလာသူလေးကြောင့်
ထိုက်အနည်းငယ်တော့ ကြောင်သွားရသည်။
ထိုသို့ဖွင့်ဟဝန်ခံခြင်းအပေါ် သော်တာ့အနေနဲ့
ရှက်ရွံ့နေခြင်းစိုးစဥ်းမျှမရှိသည်ကို မျက်နှာအမူအယာကြည့်ပြီး သူခန့်မှန်းမိသည်။"မိန်းကလေးတန်မဲ့ အရှက်မရှိဘူးလို့တော့မထင်ဘူးမလား"
"မထင်ပါဘူး၊ဘယ်လိုပဲကိုယ်က tomboyဆိုဆို
မိန်းကလေးတစ်ယောက်ဆိုတာလည်း အမှန်ပဲလေ""ကျွန်မချစ်ရတဲ့သူက ထိုက်မဟုတ်ခဲ့ဘဲ
တစ်ခြားယောက်ျားလေးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တောင်
ဒီလိုဖွင့်ဟဝန်ခံမိမှာပဲ""ဆိုတော့ကား မင်းက ကိုယ့်ကိုချစ်တယ်ပေါ့"
"အွန်း၊အဖြေပေးစရာမလိုဘူးနော်၊မလိုဘူးဆိုလို့
ပြန်မဖြေဘဲနဲ့တော့ မနေပါနဲ့၊ဒီတိုင်း ကျွန်မထိုက်အပေါ်ထား
ရှိတဲ့ခံစားချက်တွေကို သိစေချင်ယုံပြောပြတာ""ကိုယ်နားလည်ပါတယ်"
"တစ်မျိုးတော့မထင်ပါနဲ့၊ကျွန်မက ချစ်စရာလေးဆိုတော့
ချစ်ခွင့်ပန်ထားတဲ့သူတွေပေါတယ်ရယ်၊ဆိုတော့
ချစ်စရာကောင်းတဲ့ဒီကောင်မလေးကို လက်မလွှတ်သင့်ဘူးလို့
အကြံပြုချင်တယ်"

YOU ARE READING
ROYAL HUSBAND
Random"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" တော်ဝင်ယောက်ျား...