Chapter 18(U+Z)

779 107 1
                                    

Unicode

"နှမတော်ကိုအရှေ့အလယ်ပိုင်းဒေသကမင်းသားကလက်ထပ်ခွင့်တောင်းလာလို့.."

မင်းကြီးရဲ့စကားကိုကြားမိချင်းမှာပင်ရံရွှေတော်တွေရဲ့အနားမှာရပ်နေပါသောJisooရဲ့ခေါင်းလေးဆက်ခနဲမော့သွားရသည်။ရင်ထဲမှာလည်းတလှပ်လှပ်...ငိုချင်လာသည်..

ကျောင်းကသမိုင်းဘာသာတွေမှာသင်ထားသလိုဆိုChae youngမင်းသမီးကနှစ်နိုင်ငံချစ်ကြည်ရေးအတွက်ငြင်းဆိုခွင့်မရှိဘဲထိုမင်းသားနဲ့လတ်ဆက်ရလိမ့်မည်။ဒါဆိုသူမကရော...သူမကို..Chae youngမင်းသမီးကထားခဲ့တော့မှာလား...

မျက်ဝန်းထက်မှရစ်သိုင်းလာသောမျက်ရည်များကိုတစ်ခြားသူများမမြင်စေရန်ခေါင်းကိုငုံ့ထားမိသည်။စိတ်လှုပ်ရှားမှုကြောင့်သူမရဲ့လက်တွေဟာအပေါ်ဖုံးအကျီ််စလေးကိုလုံးချေနေလျှက်..
(A/Nကိုရီးယားဟန်းဘွတ်တွေမှာဆို..ရင်ခံပြီးရင်လက်ရှည်အဖြူလေးတစ်ထပ်အဲ့အပေါ်ကမှလေအရောင်လေးတွေနဲ့အပေါ်ဖုံးလေ..အာ့တာကိုပြောတာပါ...မျက်လုံးထဲမပေါ်မှာဆိုးလို့)

သူမရဲ့မျက်ဝန်းထောင့်ကနေChae youngမင်းသမီးရဲ့တုံ့ပြန်မှုကိုသိလိုစွာငေးနေမိသည်။မျက်ရည်တွေစိုနေသောကြောင့်မြင်ကွင်းသည်မကြည်လင်..လက်ဖမိုးကိုသုံး၍သူမမျက်လုံးများကိုမသိမသာဖွဖွလေးပွတ်လိုက်မိသည်..

Chae youngမင်းသမီးမှာအေးဆေးစွာပင်ပြုမူနေသည်။သူမအရှေ့မှာချထားသောသစ်ရွက်စိမ်းလက်ဖတ်ရည်ကိုတစ်ငုံသောက်ကာအဆောင်တော်နံဘေးမှကန်ရေပြင်ကိုငေးကြည့်နေသည်...

Chae youngမင်းသမီးကအေးစက်နေလိုက်တာ...တကယ်ပဲထိုမင်းသားနဲ့လက်ဆက်တော့မလို့လား...သူမကအရှင်မင်းသမီးကို..ချစ်တယ်လို့တောင်မပြောရ​သေးဘူးလေ...တကယ်ပဲသူမကိုမရွေးချယ်တော့ဘူးလား..

"နှမတော်ဘယ်လိုသဘောရသလဲ..."
မင်းကြီးရဲ့စကားဆက်သံကိုသူမကြားလိုက်ရသည်။

Chae youngမင်းသမီးကကန်ရေပြင်ကိုငေးကြည့်နေရာမှမင်းကြီးကိုကြည့်ကာ...

"လက်မခံလဲ..ဘာမှမဖြစ်နိုင်ဘူးမလား..အကိုတော်.."

"ဘာမှမဖြစ်ပေမဲ့...ညီမတော်ကိုပထမဆုံးလက်ဆက်ခွင့်တောင်းလာသူမဟုတ်လား..မစဥ်းစားကြည့်တော့ဘူးလားကွယ်...

ချယ်ရီတွေကြွေပြီ....အရှင်(ချယ်ရီတွေကြွေပြီ....အရှင်)completeWhere stories live. Discover now