Meet Again In 21cen:1

947 110 11
                                    

Unicode

အသိစိတ်တို့ရှိနေပါသော်လည်းမိမိ၏ခန္ဓာကိုယ်တစ်ခုလုံးသည်လှုပ်၍ပင်မရလောက်အောင်ကိုကိုက်ခဲနေသည်။မျက်လုံးတို့သည်အတန်ကြာ
မဖွင့်ဘဲရှိနေခြင်းကြောင့်ထင်..ဖြေးညှင်းစွာဖွင့်​ေနသည်ကိုပင်တဆစ်ဆစ်နှင့်နာကျင်သည်...

အစတွင်မြင်ကွင်းတို့သည်မသဲကွဲ..တဖြေး​ဖြေးရှင်းလင်းလာချိန်တွင်မြင်လိုက်ရသည်ကအဖြူရောင်မျက်နှာကျက်တစ်ခု..ခန္ဓာကိုယ်တစ်ခုလုံးတွင်ခံးားရသည်ဟူ၍နာကျင်မှုများသာ..
လက်ဖျံများတွင်လည်းတစ်ခုခုနှင့်ထိုးစိုက်ခံထားရသလိုပင်..တဆစ်ဆစ်နဲ့နာကျင်နေသည်..

​ခြောက်ကပ်အက်ကွဲနေသောလည်ချောင်းအခြေနေကြောင့်ဦးစွာတောင့်တမိသည်က...

"ရေ...ရေ..ပေးပါ...ရေ..."

သူမအသံကိုကြား၍ထင်နံဘေးတစ်နေရာမှ..ထိုင်ခုံကိုဆွဲလိုက်သံ..ကျွီခနဲ..ကြားလိုက်ရသည်...

"သမီးလေး...Jisoo...သမီးလေး..သတိရပြီ...အမေ့သမီးလေးရယ်..ကံသီပေလို့ပေါ့..."

အမေ့၏ဝမ်းနည်းသံစွက်နေသောအသံကြောင့်သူမဘာတွေဖြစ်ပျက်ခဲ့သလဲပြန်စဥ်းစားမိသည်...

ကျောင်း..ကပြန်လာတယ်..ပြီးတော့ကားတိုက်ခံရပြီး..ချယ်ရီပင်ကြီးအောက်လဲကျသွားတယ်...ပြီးတော့..ပြီးတော့ရော.....

သူမဘာကိုမျှစဥ်းစား၍မရချေ...သူမမှတ်ဉာဏ်များကိုတူးဖော်၍ထွက်လာသည်ကသူမပါးတိုက်ခံလိုက်ရသည်ကအဆုံးသတ်ပင်...

"သမီးလေး..ရေ...ရေလေးသောက်ပါဦး.."

သူမကြားလိုက်ရသောအသံနှင့်အတူ..ဝါဂွမ်းထကအဝယ်ရေပါးပါးစွတ်ကာသူမနှုတ်ခမ်းထက်တင်ပေးလာသည်...

ထိုဝါဂွမ်းစလေးကိုတစ်ခါပြီးတစ်ခါဖြေးဖြေးချင်းသောက်ရင်းအမေ့ကိုကြည့်နေမိသည်..

အမေကသူမကိုပြုံးကာကြည့်နေသည်...မျက်ဝန်းထက်တွင်မျက်ရည်စတို့ကရွှဲနစ်လို့...

"တော်သေးတာပေါ့..သမီးလေးရယ်...မသေကောင်းမပျောက်ကောင်း...ကွယ်...နာနေတဲ့နေရာတွေရေရှိသေးလား..အမေဆရာဝန်ကိုခေါ်ထားတယ်သိလား.."

ချယ်ရီတွေကြွေပြီ....အရှင်(ချယ်ရီတွေကြွေပြီ....အရှင်)completeWhere stories live. Discover now