Part-18

82 7 0
                                    

(ဘာသာပြန်သူ၏မှတ်စု- မင်းသားလေး၏အမည်အားလုံးသည်
တစ်ကယ့်ကို ဆင်တူသောကြောင့် ကျွန်တော်သည်
Imao ကိုဖော်ပြရန် ဂဏန်းများကို
ရေးပြလိုက်ပါသည်။)

Li Yu သည် ပွဲကျင်းပသည့်နေ့တွင် ပုံသဏ္ဍာန်ပြောင်းဆေးကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။  မကြာသေးမီက "အိပ်ရာကို မျှဝေခြင်း" ခြေလှမ်း ပြီးသွားခဲ့သည်။  သူသည် အလွန်ထူးဆန်းသော ဆုလာဘ်တစ်ခု—- သူ့နှင့်တူသော သက်ရှိငါးခေါင်းအုံးတစ်လုံးကို ရရှိခဲ့သည်။ 

သူ၏ ယခင်ဆုလာဘ်များသည် ကြားဖြတ်အာကာသ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်မှုများ ကဲ့သို့သော အရာဖြစ်သောကြောင့်၊ မူလက သူသည် ဆုလာဘ်ကိုမြင်ရရန် အလွန်စိတ်လှုပ်ရှားနေပါသည်။  ဒီကြိုးစားမှုပြီးရင် ဒီလိုအသုံးမဝင်တဲ့ အရာမျိုး ရလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ထားလဲ။ 

ထိုအချိန်တွင် လီယွီသည် systemက သူ့ကို နောက်တစ်ကြိမ် လှည့်စားသွားသည်ဟု ခံစားလိုက်ရသည်။  သူသည် ဆုငွေကို သိမ်းဆည်းပြီး မရယူခဲ့ပေ။  ယခု သူသည် လူသားအဖြစ်သို့ ပြောင်းလဲရန် ကြံစည်ထားသောကြောင့် ဤခေါင်းအုံးသည် ရုတ်တရက် အဓိပ္ပါယ်ရှိလာခဲ့သည်။ 

အကယ်၍ သူသည် လူသားအဖြစ်သို့ ပြောင်းလဲသွားပြီး ငါးကန်သည် အလွတ်ဖြစ်သွားပါက၊ လှည့်ပတ်သွားလာနေသော အစေခံများသည် သူပျောက်ကွယ်သွားကြောင်းကို အလွယ်တကူ သိရှိနိုင်မည်ဖြစ်သည်။  သူချက်ချင်း ဖော်ထုတ်ခံရနိုင်တယ်။  ဤငါးခေါင်းအုံးသည် သူ့ကို လွတ်မြောက်အောင် ကူညီပေးရန်အတွက် လက်တွေ့ကျကျ ဒီဇိုင်းထုတ်ထားသည်။  ရေထဲထည့်ထားရင် လုံးဝမလှုပ်ဘူး။

ဟိုးအဝေးက ကြည့်ရတာ တော်တော်တူတယ်။  "အိပ်ရာတစ်ခု မျှဝေခြင်း" တာဝန်ကို ပြီးမြောက်ပြီးနောက် နောက်တစ်ဆင့်မှာ "အာဏာရှင်နှင့် ပိုမိုနက်ရှိုင်းသော နားလည်မှုရယူပါ။"  လီယွီသည် ဤထူးခြားဆန်းကြယ်သောအလုပ်များကို ကျင့်သုံးနေပြီဖြစ်ပြီး၊ သူ၏အမူအရာမှာ ပြောင်းလဲခြင်းမရှိတော့ဘဲ လွဲမှားစေသောခေါင်းစဉ်များကြောင့် နှလုံးခုန်မသွားနိုင်တော့ပေ။ 

ငါးအဖြစ်သို့ကူးပြောင်းလာခြင်း(ဘာသာပြန်)Where stories live. Discover now